Monday, April 15, 2013

စိတ်

စိတ်သည် မကောင်းမှု့၌သာမွှေ့လျှော်တက်သည်တဲ့ မှန်လိုက်တာဗျာ ကျနော်လည်းအဲ့ဒီ စိတ်ကြီးကိုပိုင်ဆိုင်ထားတာဗျ မနေ့ က ကျနော်တို့စက်ရုံကိုကျေက်ဂူဆရာတော် ကတရားတစ်ပုဒ်ဟော သွားတယ် ဗုဒ္ဓ ဘာသာ ဝင်ဖြစ် ရင်အကောင်းတရား နှစ်ပါးကိုသိခွင့်ရတယ်တဲ့ ကံကောင်း နှင့် ညဏ်ကောင်းတဲ့ ဆရာတော်ကတော့ ဟောသွားတာအများကြီးပါပဲ ကျနော်မှက်မိသလောက်လေး မျှဝေပါရစေ ၁။ကံကောင်းတရား ကျတော်တို့ လူတွေမှာ လူဆိုတာခြင်းတော့တူပါရဲ့ တချို့က ရုပ်ဆိုးတယ် တချို့ကချောတယ် အဲ့တာကံ ကြောင့်ပါ ။ ကံ ဆိုတာပါဋိလိုဆို ကမ္မ ကနေဆင်းသက်လာတဲ့ ပါဋိသက် အက္ခရာပါ ။ မြန်မာလို တိုက်ရိုက် ဘာသာပြန်ရင် အလုပ် ပါ။ နောက်စေတနာပါ။ ကျတော်တို့ ယခုလုပ်နေ သမျှ အလုပ်တွေအားလုံးဟာ ကံတွေပါ။ ဘာတွေလုပ်နေလဲ ခန္ဓာနဲ့လုပ်နေတယ် ။နှုပ်နဲ့လုပ်နေတယ်။ စိတ်နဲ့လုပ်နေပါတယ်။ဘာလို့လုပ်နေလဲ ဆိုအများတန်တူနေနိုင်ဖို့လို့ပြောရပါလိမ့်မယ် အလိုနေထိုင်လုပ်ကိုင်နေ တဲ့စိတ်ခြေအနေ ကိုယ်အခြေအနေ နှုပ်အခြေအနေ တွေဟာ ကံ ပါ။ စိတ်ဟာမကောင်မှု၌ မွှေ့လျှော်သည် ဆိုတဲ့ အတိုင်း ယခင်အတိတ် ဘဝက ကံများအတိုင်း ခံစား နေကြရသော ကျနော်တို့သည် ၁၀၀ ရာခိုင်နှုန်း အဆိုး များဖြင်သာရင်ဆိုင်ရပေမည်။ ကျတော်တို့သည် မသေခြင်ကြပါ ဒါပေမယ့်သေကြရ မည်။ မအိုမင်းခြင်ပါ အိုကြရမည်။ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ အို နာသေ မှ ပြေးမလွတ်ပြီ။ ၂။ ညဏ်ကောင်းတရား ကျတော်တို့ သိတတ်စအရွယ်ကတည်းကစားဖို့ သောက်ဖို့ နေထိုင်ဖို့ လေ့လာသင်ယူခဲ့ ကြသည်။ ကျနော်တို့မိဘများနှင့် ဆရာ ဆရာမ များမှလဲ သမ္မာအာဇီဝကြအောင် ညွှန်ကြား ခဲ့ပြီးဖြစ်သည်။ အသိညဏ်နှင့် ပြည့်စုံအောင် သင်ခဲ့ကြ ပြီးဖြစ်သည် သို့သော် အဲ့ဒီ အသိညဏ် က သေဆုံးခြင်ကိုမတားမြစ်နိုင်ပေ။ အဲ့ဒီတော့သေခြင်တရားကိုတားမြစ်နိုင်သောအသိညဏ် က ကောင်မွန်မြင်မြတ်သော တရားသာဖြစ်ပေသည်။ ကျနော်တို့ ဥာဏ်အကြေင်းပြောရာ တွင် အနည်းငယ်ခက်ခဲ ပေ မည်။ ငါဟုဆိုသော ကျနော်တို့ ဘယ်ဟာကိုငါဟုခေါ်သလဲ ခန္ဓာကိုယ်ကိုလားသိတက်သောစိတ်ကိုလား အခေါ်အဝေါ် အနေဖြင့်သာမှန်ပေလိပ့်မည်။ ၎င်းကို သမုဓိ သစ္စာအဖြစ် သိရ၏။ ရုပ်ခန္ဓာသည်ဖောက်ပြန်ပျက် စီး၏။ စိတ် (နာမ်)သည် သိတတ်သောသဘောရှိ၏။ ထိုကဲသို့သမုတ်ထားကြသော အခေါ်အဝေါ်ကိုစွှန့် ဖောက်ပြန်တတ် သော ရုပ်နှင့် နာမ်သာရှိသည်ဟု ဆုံးဖြတ်ချက် ချနိုင်လျှင် ဥာဏ်ကောင်းတရား ကို နာလည် နိုင်ပေ မည်။ ဤသို့ ရုပ်နှင့်နာမ် ကိုပိုင်နိုင်စွာသိလျှင် အနည်းဆုံးအနေနှင့် တစ်ဘဝ အပါယ်ဘုံသို့ မရောက်ရှိပေ။ ကျနော်တို့ ၏ သံသရာစက်ဝန်းမှာ ဤ သို့ဖြစ်၏ ။ အမြဲဖောက်ပြန်နေသည်ဟုမသိမှုကြေင့် စွဲလန်းစိတ် နှင့် ကံအမျိုးမျိုး ကိုပြု မိကြ၏ ထို့ကြောင့် ပင် ဝိဉည် ဖြစ်ရ၏ ဝိဉည်ကြောင့် ပင်နာမ်ရုပ်ဖြစ်ရ၏ ဒွါရခြောက်ပါး ပွင့်ရ၏ ထိုဒွါရခြောက်ပါးကြောင့် ထိတွေ့မှုသည် ဖြစ်ရ၏ ထိုထိတွေ့မှု ကို ခံစား၏ ထိုခံစားမှုကို နှစ်သက်၏ ထိုနှစ်သက်မှု ကြောင့် စွဲလန်းမှုသည် ဖြစ်၏ ထိုစွဲလမ်းမှုကြောင့် ပင် ကံအသစ်များကိုပြု ပြန်၏ ထိုကံ အသစ်များကြောင်ပင် ဇာတိ ခေါ်သော ပဋိသန္ဓေ နေရပြန်ပေသည် ထိုပဋိသန္ဓေ ကြောင့် ပင်လျှင် အိုရ နာရ သေရ ပေမည်။ ၎င်းသည် ခန္ဓာ၏ သံသရာဖြစ်၏ ဥာဏ်ကောင်းတရား၏ အစဖြစ်၏ ။

No comments:

Post a Comment