Thursday, April 25, 2013

မြန်မာ့သယံ ဇာတတွေ

Aye Chan Mon
30 minutes ago · 
ယူရိုသန်းချီတန် မြန်မာကျောက်စိမ်းတုံး နှစ်တုံးကိစ္စ မြန်မာနှင့် တရုတ် ကုမ္ပဏီတို့ တရားရုံး အဆင့်ဆင့် ရင်ဆိုင်လျက်ရှိပြီး ယခုကွမ်တုံပြည်နယ် တရားရုံးတွင် ဆက်လက်စစ်ဆေးနေ
Wednesday, April 24, 2013

ယူရိုသန်းချီတန် မြန်မာကျောက်စိမ်းတုံး နှစ်တုံးကိစ္စ မြန်မာကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ တရားရုံး အဆင့်ဆင့် ရင်ဆိုင်လျက်ရှိပြီး လက်ရှိအချိန်တွင် ကွမ်တုံပြည်နယ် တရားရုံးတွင် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သီတာမြနန်း ကုမ္ပဏီ၏ ထုတ်ဖော်ပြောကြားချက်အရ သတင်းရရှိသည်။

အဆိုပါ ကျောက်စိမ်းအမှုကို မြန်မာလုပ်ငန်းဖြစ်သော သီတာမြနန်း ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီနှင့် တရုတ်လုပ်ငန်းဖြစ်သော နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့အကြား တရားရင်ဆိုင်နေခြင်း ဖြစ်သည်။

''တရားရင်ဆိုင်တာ ပထမ အသေးစား တရားရုံး၊ နောက်တော့ အလတ်စား တရားရုံး၊ အခုတော့ ပြည်နယ်တရားရုံးမှာ ဆက်ပြီး တရားရင်ဆိုင် နေပါတယ်။ မြန်မာနိုင်ငံမှာ အခွန်ဆောင်ပြီးဖြစ်တဲ့ တရားဝင် ကျောက်စိမ်းက တရုတ်နိုင်ငံကို တရားမ၀င် လမ်းကြောင်းက ၀င်လာတယ်။ အဲဒီ လမ်းကြောင်းကို ပေါ်လွင်အောင် ရင်ဆိုင်သွားမှာပါ'' ဟု သီတာမြနန်း ကုမ္ပဏီ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ သီတာမြနန်း ကုမ္ပဏီပိုင် ဖားကန့် ကျောက်စိမ်းလုပ်ကွက် မှ ၂၀၀၆ ခုနှစ် ဇူလိုင်လတွင် ၃၂ တန်ရှိ ကျောက်စိမ်း အရိုင်းတုံးကို တူးဖော်ရရှိခဲ့ပြီး လေးခြမ်းရရှိအောင် ဖြတ်တောက်ခဲ့သည်။

ယင်းလေးခြမ်းမှ နှစ်ခြမ်းကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသည့် (၂၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ချန်လုံ ကျောက်မျက် ကုမ္ပဏီမှတစ်ဆင့် တင်ပြရောင်းချခဲ့သည်။ ထို့နောက် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကွမ်တုံ ပြည်နယ် ဖူစန်မြို့ နန်ဟိုင်ရပ်ကွက်မှတစ်ဆင့် တင်သွင်းပြီး အကောက်ခွန်ဆောင်ရန် သီတာမြနန်း ကုမ္ပဏီပိုင်ရှင် ဦးလှထွန်းက တဲ့တုဝမ်ကျောက် စိမ်းကုန်သွယ်ရေးကုမ္ပဏီထံ အလုပ်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီးနောက် ကျောက်စိမ်းတုံး နှစ်တုံးနှင့် ယင်းနှင့် ပတ်သက်သည့် တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန် ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင်ပြီးကြောင်း သက်သေခံ လက်မှတ်များကို သီတာမြနန်း ကုမ္ပဏီသို့ ယခုအချိန်ထိ ပြန်လည်ပေးအပ်ခြင်း မရှိသည့်အတွက် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း သီတာမြနန်း ကုမ္ပဏီ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားသည်။

အဆိုပါ ကျောက်စိမ်းတုံး နှစ်တုံးကို (၂၂) ကြိမ်မြောက် ကျောက်မျက်ပွဲအတွင်း Lot No.601 နှင့် Lot No.602 တို့ဖြင့် တင်သွင်းပြသခဲ့ခြင်း ဖြစ်ပြီး အလေးချိန်ကီလို ၈၈၀၀ နှင့် ၈၉၀၀ တို့ရှိကြောင်း၊ တန်ဖိုးအားဖြင့် ယူရို ၉၀၀၀၀၀ နှင့် ၉၅၀၀၀၀ တန်ကြေးရှိကြောင်း သီတာမြနန်း ကုမ္ပဏီမှ သိရှိရသည်။

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From >Eleven Media Group<<Thank
Unlike·Comment·Share·Follow
You and 78 others like this.
Han Htut Aung
တရုတ်တွေရုတ်တယ်ေ်
Like · Reply · 11 minutes ago
Aung Lin

No comments:

Post a Comment