Thursday, April 25, 2013

အတုယူစရာတွေ

Myawady News
7 hours ago · 
ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

မြန်မာ့သယံ ဇာတတွေ

Aye Chan Mon
30 minutes ago · 
ယူရိုသန်းချီတန် မြန်မာကျောက်စိမ်းတုံး နှစ်တုံးကိစ္စ မြန်မာနှင့် တရုတ် ကုမ္ပဏီတို့ တရားရုံး အဆင့်ဆင့် ရင်ဆိုင်လျက်ရှိပြီး ယခုကွမ်တုံပြည်နယ် တရားရုံးတွင် ဆက်လက်စစ်ဆေးနေ
Wednesday, April 24, 2013

ယူရိုသန်းချီတန် မြန်မာကျောက်စိမ်းတုံး နှစ်တုံးကိစ္စ မြန်မာကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ တရားရုံး အဆင့်ဆင့် ရင်ဆိုင်လျက်ရှိပြီး လက်ရှိအချိန်တွင် ကွမ်တုံပြည်နယ် တရားရုံးတွင် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သီတာမြနန်း ကုမ္ပဏီ၏ ထုတ်ဖော်ပြောကြားချက်အရ သတင်းရရှိသည်။

အဆိုပါ ကျောက်စိမ်းအမှုကို မြန်မာလုပ်ငန်းဖြစ်သော သီတာမြနန်း ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီနှင့် တရုတ်လုပ်ငန်းဖြစ်သော နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့အကြား တရားရင်ဆိုင်နေခြင်း ဖြစ်သည်။

''တရားရင်ဆိုင်တာ ပထမ အသေးစား တရားရုံး၊ နောက်တော့ အလတ်စား တရားရုံး၊ အခုတော့ ပြည်နယ်တရားရုံးမှာ ဆက်ပြီး တရားရင်ဆိုင် နေပါတယ်။ မြန်မာနိုင်ငံမှာ အခွန်ဆောင်ပြီးဖြစ်တဲ့ တရားဝင် ကျောက်စိမ်းက တရုတ်နိုင်ငံကို တရားမ၀င် လမ်းကြောင်းက ၀င်လာတယ်။ အဲဒီ လမ်းကြောင်းကို ပေါ်လွင်အောင် ရင်ဆိုင်သွားမှာပါ'' ဟု သီတာမြနန်း ကုမ္ပဏီ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ သီတာမြနန်း ကုမ္ပဏီပိုင် ဖားကန့် ကျောက်စိမ်းလုပ်ကွက် မှ ၂၀၀၆ ခုနှစ် ဇူလိုင်လတွင် ၃၂ တန်ရှိ ကျောက်စိမ်း အရိုင်းတုံးကို တူးဖော်ရရှိခဲ့ပြီး လေးခြမ်းရရှိအောင် ဖြတ်တောက်ခဲ့သည်။

ယင်းလေးခြမ်းမှ နှစ်ခြမ်းကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသည့် (၂၂) ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ချန်လုံ ကျောက်မျက် ကုမ္ပဏီမှတစ်ဆင့် တင်ပြရောင်းချခဲ့သည်။ ထို့နောက် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကွမ်တုံ ပြည်နယ် ဖူစန်မြို့ နန်ဟိုင်ရပ်ကွက်မှတစ်ဆင့် တင်သွင်းပြီး အကောက်ခွန်ဆောင်ရန် သီတာမြနန်း ကုမ္ပဏီပိုင်ရှင် ဦးလှထွန်းက တဲ့တုဝမ်ကျောက် စိမ်းကုန်သွယ်ရေးကုမ္ပဏီထံ အလုပ်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီးနောက် ကျောက်စိမ်းတုံး နှစ်တုံးနှင့် ယင်းနှင့် ပတ်သက်သည့် တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန် ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင်ပြီးကြောင်း သက်သေခံ လက်မှတ်များကို သီတာမြနန်း ကုမ္ပဏီသို့ ယခုအချိန်ထိ ပြန်လည်ပေးအပ်ခြင်း မရှိသည့်အတွက် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း သီတာမြနန်း ကုမ္ပဏီ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားသည်။

အဆိုပါ ကျောက်စိမ်းတုံး နှစ်တုံးကို (၂၂) ကြိမ်မြောက် ကျောက်မျက်ပွဲအတွင်း Lot No.601 နှင့် Lot No.602 တို့ဖြင့် တင်သွင်းပြသခဲ့ခြင်း ဖြစ်ပြီး အလေးချိန်ကီလို ၈၈၀၀ နှင့် ၈၉၀၀ တို့ရှိကြောင်း၊ တန်ဖိုးအားဖြင့် ယူရို ၉၀၀၀၀၀ နှင့် ၉၅၀၀၀၀ တန်ကြေးရှိကြောင်း သီတာမြနန်း ကုမ္ပဏီမှ သိရှိရသည်။

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From >Eleven Media Group<<Thank
Unlike·Comment·Share·Follow
You and 78 others like this.
Han Htut Aung
တရုတ်တွေရုတ်တယ်ေ်
Like · Reply · 11 minutes ago
Aung Lin

Sunday, April 21, 2013

ယဉ်ကျေးလိမ်မာသင်တန်း AAA

ယဉ်ကျေးလိမ်မာသင်တန်းအား အးသုံးလုံးဘိလပ်မြေစက်ရုံ တွင် ၅ လ ၁ရက် ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်သည်။
ကျနော်တို့ မြန်မာလူမျိုးတွေဟာ ပတ်ဝန်ကျင်နှင့် အဆက်အသွယ်ပျက်နေ သည်မှာ တော်တော်ကြာနေပြီ ဖြစ်သည်။ထိုအတွက်ရလဒ်မှာ  တော်တော်ဆိုးဝါနေသည်ဟု သေချာကြည့်လျှင် တွေ့ရပေမည်။ကျနော်တို့ ဗုဒ္ဓဘာသာဝင်များ အနေနှင့် မည်မျှပင်ဆိုးဝါးနေသည်ဆိုသည်မှာ ယခုကျနော်တို့နုင်ငံတွင် ဖြစ်ပေါ် နေသောအဖြစ် အပျက်များကမီးမောင်းထိုးပြနေပေပြီ။ကျနော်တို့ လူမျိုးတွေ အချိန်မီနိုးထကြရပေတော့မည်။ မျက်စိပိတ် နားပိတ် အချိန်ကာလတွင် နေရသည့် အုပ်ချုပ်ရေး ကာလမျိုးလည်းမဟုတ်တော့ပေ။ပတ်ဝန်ကျင် ကိုတစ်ချက်လောက် အာရုံစိုက် လိုက်ကျစမ်းပါ။ကျနော်တို့ နိုင်ငံကဘယ်လိုဖြစ်နေတယ်ဆိုတာ ကျနော်တို့ဘာသာနဲ့
လူမျိုးတွေ ဘယ်လိုဝါး မျိုခံနေရ တယ်ဆိုတာ။ဘယ်လို အင်အား ဘယ်လိုအခြေအနေမျိုးတွေ ထဲမှာ တချို့ တချို့
ရောက်ရှိခံစား ရပြီးဖြစ်တယ်ဆိုတာ။

မိတ်ဆွေတို့ကြာရင် လုံးဝမလွယ်တော့ပေ………

Monday, April 15, 2013

စိတ်

စိတ်သည် မကောင်းမှု့၌သာမွှေ့လျှော်တက်သည်တဲ့ မှန်လိုက်တာဗျာ ကျနော်လည်းအဲ့ဒီ စိတ်ကြီးကိုပိုင်ဆိုင်ထားတာဗျ မနေ့ က ကျနော်တို့စက်ရုံကိုကျေက်ဂူဆရာတော် ကတရားတစ်ပုဒ်ဟော သွားတယ် ဗုဒ္ဓ ဘာသာ ဝင်ဖြစ် ရင်အကောင်းတရား နှစ်ပါးကိုသိခွင့်ရတယ်တဲ့ ကံကောင်း နှင့် ညဏ်ကောင်းတဲ့ ဆရာတော်ကတော့ ဟောသွားတာအများကြီးပါပဲ ကျနော်မှက်မိသလောက်လေး မျှဝေပါရစေ ၁။ကံကောင်းတရား ကျတော်တို့ လူတွေမှာ လူဆိုတာခြင်းတော့တူပါရဲ့ တချို့က ရုပ်ဆိုးတယ် တချို့ကချောတယ် အဲ့တာကံ ကြောင့်ပါ ။ ကံ ဆိုတာပါဋိလိုဆို ကမ္မ ကနေဆင်းသက်လာတဲ့ ပါဋိသက် အက္ခရာပါ ။ မြန်မာလို တိုက်ရိုက် ဘာသာပြန်ရင် အလုပ် ပါ။ နောက်စေတနာပါ။ ကျတော်တို့ ယခုလုပ်နေ သမျှ အလုပ်တွေအားလုံးဟာ ကံတွေပါ။ ဘာတွေလုပ်နေလဲ ခန္ဓာနဲ့လုပ်နေတယ် ။နှုပ်နဲ့လုပ်နေတယ်။ စိတ်နဲ့လုပ်နေပါတယ်။ဘာလို့လုပ်နေလဲ ဆိုအများတန်တူနေနိုင်ဖို့လို့ပြောရပါလိမ့်မယ် အလိုနေထိုင်လုပ်ကိုင်နေ တဲ့စိတ်ခြေအနေ ကိုယ်အခြေအနေ နှုပ်အခြေအနေ တွေဟာ ကံ ပါ။ စိတ်ဟာမကောင်မှု၌ မွှေ့လျှော်သည် ဆိုတဲ့ အတိုင်း ယခင်အတိတ် ဘဝက ကံများအတိုင်း ခံစား နေကြရသော ကျနော်တို့သည် ၁၀၀ ရာခိုင်နှုန်း အဆိုး များဖြင်သာရင်ဆိုင်ရပေမည်။ ကျတော်တို့သည် မသေခြင်ကြပါ ဒါပေမယ့်သေကြရ မည်။ မအိုမင်းခြင်ပါ အိုကြရမည်။ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ အို နာသေ မှ ပြေးမလွတ်ပြီ။ ၂။ ညဏ်ကောင်းတရား ကျတော်တို့ သိတတ်စအရွယ်ကတည်းကစားဖို့ သောက်ဖို့ နေထိုင်ဖို့ လေ့လာသင်ယူခဲ့ ကြသည်။ ကျနော်တို့မိဘများနှင့် ဆရာ ဆရာမ များမှလဲ သမ္မာအာဇီဝကြအောင် ညွှန်ကြား ခဲ့ပြီးဖြစ်သည်။ အသိညဏ်နှင့် ပြည့်စုံအောင် သင်ခဲ့ကြ ပြီးဖြစ်သည် သို့သော် အဲ့ဒီ အသိညဏ် က သေဆုံးခြင်ကိုမတားမြစ်နိုင်ပေ။ အဲ့ဒီတော့သေခြင်တရားကိုတားမြစ်နိုင်သောအသိညဏ် က ကောင်မွန်မြင်မြတ်သော တရားသာဖြစ်ပေသည်။ ကျနော်တို့ ဥာဏ်အကြေင်းပြောရာ တွင် အနည်းငယ်ခက်ခဲ ပေ မည်။ ငါဟုဆိုသော ကျနော်တို့ ဘယ်ဟာကိုငါဟုခေါ်သလဲ ခန္ဓာကိုယ်ကိုလားသိတက်သောစိတ်ကိုလား အခေါ်အဝေါ် အနေဖြင့်သာမှန်ပေလိပ့်မည်။ ၎င်းကို သမုဓိ သစ္စာအဖြစ် သိရ၏။ ရုပ်ခန္ဓာသည်ဖောက်ပြန်ပျက် စီး၏။ စိတ် (နာမ်)သည် သိတတ်သောသဘောရှိ၏။ ထိုကဲသို့သမုတ်ထားကြသော အခေါ်အဝေါ်ကိုစွှန့် ဖောက်ပြန်တတ် သော ရုပ်နှင့် နာမ်သာရှိသည်ဟု ဆုံးဖြတ်ချက် ချနိုင်လျှင် ဥာဏ်ကောင်းတရား ကို နာလည် နိုင်ပေ မည်။ ဤသို့ ရုပ်နှင့်နာမ် ကိုပိုင်နိုင်စွာသိလျှင် အနည်းဆုံးအနေနှင့် တစ်ဘဝ အပါယ်ဘုံသို့ မရောက်ရှိပေ။ ကျနော်တို့ ၏ သံသရာစက်ဝန်းမှာ ဤ သို့ဖြစ်၏ ။ အမြဲဖောက်ပြန်နေသည်ဟုမသိမှုကြေင့် စွဲလန်းစိတ် နှင့် ကံအမျိုးမျိုး ကိုပြု မိကြ၏ ထို့ကြောင့် ပင် ဝိဉည် ဖြစ်ရ၏ ဝိဉည်ကြောင့် ပင်နာမ်ရုပ်ဖြစ်ရ၏ ဒွါရခြောက်ပါး ပွင့်ရ၏ ထိုဒွါရခြောက်ပါးကြောင့် ထိတွေ့မှုသည် ဖြစ်ရ၏ ထိုထိတွေ့မှု ကို ခံစား၏ ထိုခံစားမှုကို နှစ်သက်၏ ထိုနှစ်သက်မှု ကြောင့် စွဲလန်းမှုသည် ဖြစ်၏ ထိုစွဲလမ်းမှုကြောင့် ပင် ကံအသစ်များကိုပြု ပြန်၏ ထိုကံ အသစ်များကြောင်ပင် ဇာတိ ခေါ်သော ပဋိသန္ဓေ နေရပြန်ပေသည် ထိုပဋိသန္ဓေ ကြောင့် ပင်လျှင် အိုရ နာရ သေရ ပေမည်။ ၎င်းသည် ခန္ဓာ၏ သံသရာဖြစ်၏ ဥာဏ်ကောင်းတရား၏ အစဖြစ်၏ ။

Monday, April 8, 2013

လူငယ်တွေရဲ့ရင်ထဲမှာ

" ကျွန်ုပ် ကြောင့် လူမျိုးရေး ဘာသာ ရေး ပ ဋိပက္ခ မဖြစ် စေရ " လို့ရေးထား တဲ့ စတစ် ကာ တွေ ကို ဧပြီလ ၈ ရက် နေ့ လယ် ၃ နာရီ လောက်က ရန် ကုန် မြို့လယ် က ဘိုကလေး ဈေး နားမှာ ဘာသာ ပေါင်း စုံ က လူငယ် ၃ဝ ကျော် ပါဝင် တဲ့ အဖွဲ့တဖွဲ့ က ကား တွေ ကို လိုက်ဝေခဲ့ ကြ ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ပ ဋိပက္ခ တွေ မလို ချင်ကြောင်း လူ ငယ်တွေ ဖော် ထုတ် http://feeds.feedburner.com/thithtoolwin/yIWV

တန်ဖိုးအရှိဆုံးသတင်း

ကမ္ဘာ့ပေါ်တွင် ပထမဆုံး မိုဘိုင်းလ်ဖုန်း စတင်တီထွင်ခဲ့သည့် ၁၉၇၃ခုနှစ်ဧပြီလ ၃ရက်နေ့မှ နှစ်ပေါင်း၄၀ တိတိ ပြည့်ချိန်တွင် မြန်မာနိုင်ငံတွင် ကျပ်၁၅၀၀ နှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ကြေညာလိုက်ပြီး နောက်ပိုင်း ၁၅၀၀တန်ဖုန်းနှင့် ပတ်သက်သည့် မေးခွန်းပေါင်းများစွာ ပြည်သူလူထု အကြား ထွက်ပေါ်လာသည်။ G လား . . . C လား . . . ........................ မူလက GSM ဖုန်းများသာ ရောင်းချထား ပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် လူအများစုက GSM သာ ချထားပေးမည်ဟု ထင်ကြသည်။ သို့သော် မြန်မာ့ဆက်သွယ်ရေးက ရောင်းချထားပေးမည့် မိုဘိုင်းလ်ဖုန်းများတွင် GSM 3G အမျိုးအစားဖြစ်သော WCDMA 3G ရော၊ CDMA 800 MHz ရော ပါဝင်မည်ဖြစ် သော်လည်း CDMA 800 MHz ကိုသာ ဦးစားပေးရောင်းချထား မည်ဖြစ်ပြီး WCDMA 3G များကို CDMA 800 ကွန်ရက် မရှိသည့် နေရာများတွင်သာ ရောင်းချထားပေးမည် ဖြစ်သည်။ WCDMA 3G ကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ် ဒေသ အချို့ကို ဦးစားပေးကာ အလုံအလောက် ရောင်းချသွားရန် စီစဉ်ထားပြီး အဆိုပါ လိုင်းကတ်များကို တစ်နိုင်ငံလုံးကို သယ်ယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်လလျှင် CDMA 800 MHz လိုင်းကတ် သုံးသိန်းငါးသောင်း ရောင်းချသွား မည်ဖြစ်ပြီး ယင်းလိုင်းကတ်များမှာ CDMA 450 MHz ကွန်ရက်တွင် ဝင်ရောက်အသုံးပြု နိုင်မည်မဟုတ်ကြောင်း ၄င်းက ရှင်းပြသည်။ "GSM တွေကလည်း နောက်နှစ်လ လောက်ဆို လိုသလောက် ရောင်းနိုင်ဖို့ ပြင်ထားပါတယ်။ သိပ်မကြာပါဘူး လာပါလိမ့်မယ်"ဟု ၄င်းကဖြည့်စွက် ပြောကြားသည်။ ကန့်သတ်ချက်အနေနှင့် ဖုန်းကတ် ဝယ်ယူပြီး ၁၅ရက်အတွင်း ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြုရမည် ဖြစ်ပြီး တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည် ဖြစ်ကြောင်း၊ နှစ်လပြည့်ချိန်တွင် စတင်ဖြည့်ထားသည့် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး ၏ ကြေညာချက်တွင် ပါရှိသည်။ လိုင်းကျပ်မှာလား ................... "ဖုန်းစရောင်းချိန်မှာ မြို့ကြီးတွေမှာ လိုင်းကျပ်မှု ပြဿနာတွေ ကြုံတွေ့မယ် ထင်တယ်။ နောက်ပိုင်းမှာ အဆင်ပြေသွားနိုင် တယ်"ဟု အိုင်တီပညာရှင် ဦးရဲမြတ်သူက ပြောကြားသည်။ ဖုန်းခေါ်ဆိုရာတွင် ကြည်လင်ပြတ်သားမှု မရှိခြင်း၊ ဖုန်းလိုင်းမကြာခဏကျခြင်း၊ အခန်းအတွင်းမှ အလွယ်တကူပြော၍ မရဘဲ အများအားဖြင့် အိမ်ပြင်ထွက် ပြောရခြင်း၊ မြို့တွင်းတွင် ရှိနေသော်လည်း ဆက်သွယ်မှု ဧရိယာ ရောက်နေသဖြင့် ခေါ်ဆိုမရကြောင်းသာ ဖြေကြားနေခြင်း စသည့် ဝန်ဆောင်မှုပိုင်း အားနည်းချက်များကြောင့် ဖုန်းလိုင်းအသစ် ထပ်တိုးတိုင်း ပြည်သူလူထုမှာ လိုင်းကျပ်ပြီး ခေါ်ဆိုမရ ဖြစ်မည်ကို စိုးရိမ်သောက ဖြစ်လေ့ရှိသည်။ ယခုလည်း GSM ထက် CDMA က လိုင်းပိုမိသည်ဆိုသဖြင့် CDMA ဝယ်ထား ကြသူများမှာ CDMA လိုင်းများထပ်မံချ ထားပေးမည်ဆို၍ လိုင်းကျပ်ပြီး အလုပ် မဖြစ်မည်ကို စိုးရိမ်နေကြသည်။ "လိုင်းကတော့ CDMA နဲ့ GSM နဲ့က မတူဘူးလေ။ CDMA တာဝါတိုင် တစ်ခုဆိုရင် သူ့ရဲ့ ကွန်ရက်လွှမ်းခြုံနိုင်မှုက GSM ထက်ပိုကျယ်တယ်။ အဲ့ဒီတော့ လူနေ ပြန့်တဲ့ ဒေသတွေမှာ CDMA နဲ့ မြို့ကြီး တွေမှာ GSM ကို ဦးစားပေးချထားရင် အဆင်ပြေမယ်ထင်တယ်။ လိုင်းကျပ်တာက အစပိုင်းလောက်တော့ ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့ဖြေရှင်းလိုက်ရင် ခဏပါ" ဟု ဦးရဲမြတ်သူ က သုံးသပ်ပြသည်။ လက်ရှိမြန်မာနိုင်ငံ .................... အနေအထားအရ CDMA 800 MHz မှာ အသုံးပြုမှု နည်းပါးနေသေးပြီး လိုင်းအင်အားတိုးချဲ့မှု အလုံအလောက် ပြုလုပ်ထား၍ လိုင်းမကျပ်နိုင်ကြောင်း၊ ယင်းအပြင် လိုင်းအရည်အသွေးတွင် GSM/3G လိုင်းများထက် ပိုမိုကောင်းမွန်နိုင်ပြီး ဆက်လက်၍လည်း ကွန်ရက်များ တိုးချဲ့ သွားရန်ရှိသဖြင့် လိုင်းကျပ်စရာ မရှိကြောင်း အိုင်တီပညာရှင်များက ပြောကြားသည်။ "800 MHz ကွန်ရက်တွေက တော်တော်များများ ပြင်ဆင်ပြီး ဖြစ်လို့ လိုင်းကျပ်စရာတော့ မရှိပါဘူး။ နောက်ပြီး MEC က လိုင်းတွေ ထပ်ချဲ့ဖို့ မြန်မာ့ဆက်သွယ်ရေးနဲ့ သဘောတူထားတယ်။ တာဝါတိုင်တွေ အဆောက်အအုံတွေ အသုံးပြုခွင့်ပေါ့။ အဲ့တော့ ရောင်းနေရင်းနဲ့ ကွန်ရက်ကို ထပ်ချဲ့သွားမှာ ဆိုတော့ လိုင်းကျပ်စရာ မရှိပါဘူး" ဟု မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာက ရှင်းပြသည်။ Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကျပ်တည်းမှု မရှိစေရေးအတွက် လည်း ကြိုတင်စီမံ ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ကလည်း မတ်လ ၂၉ရက်နေ့က ပြောကြားထားသည်။ အဝင်ခေါ်ဆိုခ ပေးရမှာလား ............................... ဧပြီလ ၂၄ရက်နေ့တွင် စတင်ရောင်းချမည့် မိုဘိုင်းဖုန်းများမှာ ပြည်သူလူထု မျှော်လင့်ထားသည့် နှုန်းထားထက် များစွာ ဈေးနှုန်းချိုသာနေသဖြင့် ဖုန်းခေါ်ဆိုခများ သီးခြားတိုးမြှင့် ကောက်ခံမည်၊ အဝင်ခေါ်ဆိုခ ပေးရမည် စသဖြင့် ပြည်သူများအကြား ထင်ကြေးသတင်းများ ပျံ့နှံ့လျက်ရှိသည်။ ယင်းနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်မေးမြန်းရာ ဖုန်းခေါ်ဆိုခ နှုန်းထားများကို မူလအတိုင်း တစ်မိနစ် ကျပ် ၅၀နှုန်းဖြင့်သာ ကောက်ခံမည်ဖြစ်ပြီး အဝင်ခေါ်ဆိုခကို ကောက်ခံမည် မဟုတ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။ သို့သော် ကန့်သတ်ချက်အနေနှင့် ဖုန်းလက်လွှဲလက်ပြောင်း ရောင်းချမှု မရှိစေရန် ဖုန်းကတ်ဝယ်ပြီး ၁၅ရက်အတွင်း အနည်းဆုံး ငါးထောင်ကျပ်တန် ကြိုတင် ငွေဖြည့်ကတ်ထည့်၍ အသုံးပြုရမည်ဖြစ်ပြီး ၁၅ရက်အတွင်း အသုံးမပြုပါက အလိုအလျောက် လိုင်းပိတ်သိမ်းမည် ဖြစ်ကြောင်း၊ တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည်ဖြစ်ပြီး နှစ်လပြည့်ချိန်တွင် စတင်ဖြည့်ထားသည် ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက် သွားမည် ဖြစ်ကြောင်းသာ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။ အင်တာနက်ပါမှာလား ........................ မိုဘိုင်းဖုန်း ကိုင်ဆောင်သူ အများစုမှာ အင်တာနက်လျှောက်ထား အသုံးပြုလေ့ ရှိသဖြင့် ဖုန်းဝယ်ယူချိန်တွင် အင်တာနက်ပါ တစ်ပါတည်း ပါလာစေလိုကြရာ ယခု အသစ်ချထားပေးမည့် ၁၅၀၀ တန် မိုဘိုင်းလ် ဖုန်းများတွင် အင်တာနက်ပါလာမည်လား ဆိုသည့် မျှော်လင့်ချက်များ ရှိကြသည်။ "CDMA 800 MHz က အဓိက ဖုန်းပြောဖို့အတွက်ပဲ ရည်ရွယ်တယ်။ နယ်တွေမှာ လူတိုင်း အင်တာနက်သုံးမှာ မဟုတ်ဘူးလေ။ အင်တာနက် သုံးချင်လည်း သုံးလို့ရပါတယ်။ အဲတော့ သုံးချင်တဲ့သူ အတွက် သီးသန့်လျှောက်ဖို့တော့ လိုမယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းပြသည်။ လိုင်းဖွင့်ခနှုန်းထားကိုမူ ညွှန်ကြားချက် မလာသေးသဖြင့် ယခင်ကကဲ့သို့ ကျပ် တစ်သောင်း သတ်မှတ်မည်၊ မသတ်မှတ်မည် ကိုမူ မပြောနိုင်သေးကြောင်း ၄င်းက ဆိုသည်။ ၁၀လုံးလား.. ၁၁လုံးလား ............................ မြန်မာနိုင်ငံတွင် ချထားပေးသည့် ဖုန်းအမျိုးအစား များသကဲ့သို့ ဖုန်းအမျိုး အစားပေါ်မူတည်ပြီး ဂဏန်းအရေအတွက် မှာလည်း ၀၉ အပါအဝင် ၉လုံး၊ ၁၀လုံး၊ ၁၁လုံးဟူ၍ရှိရာ ယခုချထားပေးမည့် ဖုန်း များမှာ ဂဏန်းအရေအတွက် မည်မျှဖြစ်မည် ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်လာသည်။ မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ၏ ပြောကြားချက်အရမူ ယခုချထားပေးမည့် CDMA 800 MHz ဖုန်းများမှာ ယခင် ကျပ်ငါးသိန်း ဖုန်းများကဲ့သို့ ၀၉၇၃ နှင့်စပြီး ၁၀ လုံး ဖြစ်မည်ဖြစ်ပြီး 3g WCDMA မှာလည်း ယခင် ကျပ်နှစ်သိန်းငါးသောင်း ဖုန်းများကဲ့သို့ ၀၉ အပါအဝင် ၁၁လုံးဖြစ်မည် ဖြစ်ကြောင်း ပြောဆိုသည်။ "ဂဏန်းထပ်တိုးဖို့ မရှိပါဘူး။ တိုးစရာလည်း မလိုပါဘူး" ဟု၎င်းကပြောဆိုသည်။ သိန်းလား.. သန်းလား ........................ ဖုန်းလိုင်းချထားပေးမှုနှင့် ပတ်သက်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လိုင်းရှစ်သန်း၊ ၂၀၁၄-၂၀၁၅တွင် လိုင်း ၁၈ သန်း စုစုပေါင်း ၂၆ သန်း တိုးချဲ့တပ်ဆင် ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂၀၁၂- ၂၀၁၃ တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ တွင် ၂၇ ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ တွင် ၅၀ ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က မတ် ၂၉ ရက်နေ့ ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယင်းလျာထားချက်မှာ အနိမ့်ဆုံး ရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတကြီးက ဆိုသည်။ တစ်လလျှင် Sim Card ၃၅၀,၀၀၀ နှုန်းဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ပြီး ရောင်းချပေးရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည် ဖြစ်ကြောင်း သမ္မတကြီးက ယင်း အစည်းအဝေးတွင် ပြောကြားထားသည်။ ယခုချထားပေးမည့် အစီအစဉ်မှာ CDMA ကို တစ်လလိုင်းကတ် ၃၅၀,၀၀၀ ချပေးမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်း ဒေသကြီးများကို အချိုးကျဖြန့်ချိမည် မဟုတ်ဘဲ လူဦးရေ အချိုးစားလိုက် လူနေ ထူထပ်သော ဒေသများကို အရေအတွက် ပိုမိုချထားပေးမည် ဖြစ်ကြောင်း ဦးဌေးဝင်း က ရှင်းပြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များ ကို လစဉ်ဈေးနှုန်း မပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလ မရရှိပါ က နောက်လတွင် ရရှိမည်ဖြစ်ကြောင်း သမ္မတကြီးက ပြောကြားထားသည်။ Handset တွေ ဈေးတက်မှာလား ..................................... မူလက GSM သာချပေးမည် ဆိုသည့် သတင်းကြောင့် မိုဘိုင်းလ်ဖုန်းဆိုင် အချို့ မှာ GSM များသာ ဝယ်ယူထားသဖြင့် မူလကတည်းက ဈေးကွက်အတွင်း များများ စားစား မတွေ့ရသည့် CDMA 800 MHz Handset များမှာ ဈေးနှုန်းမြင့်တက်ဖွယ် ရှိကြောင်း အများစ

Saturday, April 6, 2013

မြန်မာစာနှင့် Facebook...unicode?

  • Myawady News Facebook တွင်လည်း မြန်မာစာ ရတော့မည် တကယ်ရတော့မှာပါ။ သို့ပေမယ့် သူက ဗမာစာလို့ ရေးထားပါတယ်။  Open source ထင်ပါတယ်။ လူတိုင်း ဝင်ရေးခွင်ပေးထား ပါတယ်။ ပြီးတော့မှာ လူကြိုက်အများဆုံး Vote အများဆုံး စာလုံးကို ရွေးချယ်ပြီး အသုံးပြုသွားမှာ ဖြစ်ပါတယ်။ လက်ရှိ မြင်နေတာတော့ ဇော်ဂျီနဲ့ ဝင်ရေးတဲ့သူတွေရော၊ ယူနီကုဒ်နဲ့ ဝင်ရေးတဲ့ သူတွေရော စုံနေပါတယ်။  စာဖတ်သူတို့လည်း ဝင်ရေးနိုင်ပါတယ်။ Facebook က မရေး ပါဘူး။ မြန်မာ လူမျိုးများ ရေးသွားတဲ့ စာတွေကိုပဲ အသုံးပြု သွား မှာ ဖြစ်ပါတယ်။ စစချင်းကတော့ Faebook ရဲ့  UI တစ်ခုလုံး ကို မြန်မာလို မြင်ရအောင် ပြောင်းပေးမယ် ထင်တာပဲ။ Facebook Translation ကည်း ဘယ်နိုင်ငံက ရေးတဲ့စာတွေကိုမဆို ဘာသာ ပြန်ပေးနိုင်မယ်ထင်ပါတယ်။  အင်္ဂလိပ် ကနေ မြန်မာ၊ မြန်မာကနေ အင်္ဂလိပ်ကို ဝင်ရေးပေးရုံပဲ။ အခြားဘာသာစကားတွေကတော့ ကြားမှာ အင်္ဂလိပ်စာ ဘာသာပြန် Process ခံပြီး မြန်မာစာ ပြောင်းပေးမယ်ထင်ပါတယ်။  အားသာချက်ကတော့ ပြောမကုန်အောင်များပါမယ်။ ကမ္ဘာတစ်လွှားက ဘယ် Facebook page, အကောင့်တွေနဲ့ အလွယ်တကူ ဆက် သွယ် နိုင်ပြီး သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန် မှာ ဖြစ်ပါ တယ်။ မြန်မာတို့အတွက် ကောင်းသတင်း ပါပဲ။  အဲ။ သို့ပေမယ့် တစ်ခုရှိတာက Font ကိစ္စပါ။ ခုနေဝင်ကြည့်တော့ အချို့ က ဇော်ဂျီနဲ့ ဝင်ရေး၊ အချို့  က ယူနီကုဒ်နဲ့ ရေးတာတွေ လုပ်ထား ပါတယ်။ ဇော်ဂျီသုံးနေသူများကြတော့ ဇော်ဂျီပဲတွေ့တာမို့ ဇော်ဂျီကို Vote လုပ်သွားပါတယ်။ ဒီတော့ ဘယ်လိုလာမလဲ မသိသေးပါဘူး။ အားနည်း ချက်ပေါင်း များစွာရှိနေတဲ့ ဇော်ဂျီကိုပဲ Vote အရ ရွေးသွားမလား၊ ယူနီကုဒ်ကိုပဲ ရွေားမလား ပြောရခက်ပါတယ်။ ခုတောင် Facebook Translation Team အနေနဲ့ မြန်မာတွေ ဘာကို ဝင် Vote ဘာလိမ့် ဝင်ကြည့်တဲ့အခါ ဇော်ဂျီကို လေးထောင့် အတုံးတွေပဲ တွေ့မလား မသိပါဘူး။  ကဲ။ ကိုယ်တိုင်သာ ဝင်ကြည့်၊ ဝင်ရေး၊ ပြင်ပေးကြတော့ပါဗျာ။ Facebook ကို မြန်မာကူမှ မြန်မာစာ ရမယ့်အနေအထား ဆိုတော့ လူတိုင်း တက်ကြွစွာ ပါဝင်နိုင်ဖို့ နှိုးဆော် လိုက်ရပါတယ်။  -- အောင်ခမ်း (TSJ team)

နိုင်ငံ အတွင်းမှ ပြသနာ နှင့် ဆရာတော်ကြီးအမြင်


ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို အပြင်းအထန် ရှုတ်ချကြောင်း သီတဂူဆရာတော်က မိန့်ကြားလိုက်ပါတယ်။ မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပါအ၀င် ပဲခူးတိုင်း မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ နတ္တလင်း၊ သာယာဝတီ၊ လက်ပံတန်းနဲ့ မိုးညိုမြို့တွေမှာ အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ  http://feeds.feedburner.com/thithtoolwin/yIWV