Monday, September 1, 2014

သမဂ္ဂများဆောင် ရန်ရှောင် ရန်

တရားဝင်ဖြစ်တည်မှု (Legitamacy) ကို မျှမျှတတမရ သေးလျှင် သမဂ္ဂများစွာ၏ တာဝန် ရှိသူများအ နေဖြင့်
မိမိတို့ဆောင် ရွက်သမျှ ရှုံးမှု နိုင် မှု တန့်မှု များကို မှတ်တန်းတင် ထားကြပါ။
ဘယ်အချိန်  ဘယ်နေရာ  ဘယ်လောက်  ဘယ်အ ကြောင်းရင်းခံ ဘယ်အာဏာပိုင်  ဘယ်အဖွဲ့များဆိုသည့်
အချက်ပေါင်း များစွာပါဝင်သော အောင်မြင်  ကျရှုံးမှုများကို  စနစ်တကျဇယားကွက်များ  သချာင်္နှင့် စာရင်ပေါင်းစပ်သော ပုံကားချပ် စသည်တို့ ဖြင့် မှတ်တမ်းပြုစုထားပါ။
ဂလိုဘယ်လေဘာယူနီယမ်
  နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်  သက်ဆိုင် ရာအစိုးရတို့ထံ  တရားဝင်ပေးပို့
ပါ။
သေးတာ  ကြီးတာ  ရတာ မရတာ  သိပ်ဦးစားမ ပေးဘဲ "လူမှုတရားမျှတမှု" နှင့် "မျှတပြေပြစ်တရားဥပ ဒေ"
ကို ဦးတည်တောင်းပေးကြပါ။

အန္တရာယ် ရှိနိုင်သောကြောင့် လူပုဂ္ဂိုလ်နာမည်များ ( အာဏာပိုင် များနှင့် တာဝန်တကယ်ရှိသူ
  ယူရဲသူနာမည်များမှအပ)  အလုပ်သမားအခြေခံအဖွဲ့ ငယ်များကို မထည့်မိဖို့ ထောက်ပြထားသည်။
  မီဒီယာများကိုရဲရဲပြောပါ။
  မိမိတို့ဆီမှာ ဘယ်မီဒီယာက ဘာကိုရည်ရွယ် လုပ်ကိုင်နေမှန်း
  သိဖို့ ခက်ခဲကြသည်။
  မီဒီယာအစစ်တွေမှာလည်း မလိုလျှင်
  မလိုသလို နှိပ်ကွပ်ခံရကိန်းရှိနေသေးသည်။ အာဝဇ္ဇန်ကောင်းသောကိုယ် စားလှယ်များလည်း တစ်စုံ
  တရာ (အခွင့်ရေးမဟုတ်လျှင် ကြောက်စိတ် ) နှင့်
တွေ့ထိမှုကို သိပ်ကြာကြာခံနိုင် ပါမည်လား။ကိုယ့်ကိုယ်ကို မညှာတမ်းဆန်းစစ် ဖို့ တော့လိုနေကြ၏။
စကားလုံးအရ တော့
ပြည်သူ(အလုပ် သမား)  ဘက်ကရပ် သည့်လူများသ လောက် လက်တွေ့ မှာခရီးသိပ် မတွင် လှတာ အရှိတရား ဖြစ်နေပါသေး၏။

The Worker Journal မှ ကောက်နုတ်ဖော်ပြသည်။

No comments:

Post a Comment