Sunday, September 7, 2014
Monday, September 1, 2014
" သမဂ္ဂါနံတပေါ သုခေါ " စည်းလုံးခြင်းဖြင့် ချမ်းသာခြင်း
" သမဂ္ဂါနံတပေါ သုခေါ " စည်းလုံးခြင်းဖြင့် ချမ်းသာခြင်း
ကျနော် ဒီအလုပ်သမား အဖွဲ့ အစည်းကို အမြဲအင်
အားရှိပြီးစည်းလုံးညီညွှတ်စေချင် ပါတယ်။
ဒီလိုနဲ့ပဲ ကျနော်နာကြားဘူးတဲ့ တရားတစ်ပုဒ်ကို
ပြန်လည် ကြားရောင် လာတယ်။
သီတဂူဆရာတော် အရှင် ဉာဏ်ဏိဿရ ၏
ချမ်းသာလေးပါးတရားတော်ထဲ က နောက်ဆုံး
ချမ်သားဖြစ်တဲ့ " သမဂ္ဂါနံတပေါ သုခေါ "
စည်းလုံးခြင်းဖြင့် ချမ်းသာခြင်းဖြစ်ပါတယ်။
ဒီတရားတော် ကို ဂေါသိံဂ လို့ အမည်တွင်
တဲ့ ဥယျာဉ်တစ်ခုမှာ ဟောကြားခဲ့ ပါတယ်။
"စူဋဂေါသိံဂ" သုတ်လို့ လည်းခေါ်ပါတယ်။
အဲ့ဒီတရားတော်ကို ဟောကြားချိန် ဥယျာဉ်ထဲမှာ
ကျနော်တို့ ရဲ့ ဗုဒ္ဓ ဘုရားရှင် နဲ့ အတူ
အရှင် သာရိ ပုတ္တာ အရှင် မဟာမောဂ္လါန်
အရှင် အနုရုဒ္ဓါ မ ထေရ်မြတ်သုံးပါး
စုစုပေါင်းလေးပါ သီတင်း သုံးနေပါတယ်။
ဒီအချိန်မှာ မြတ်ဗုဒ္ဓက ထိုမ ထေရ် မြတ်သုံးပါးကို
" ဒီလောက်တောင် လှပ နေတဲ့
ဥယျာဉ်
ထဲမှ အသင် တို့ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းမြောက်ဝမ်းသာ
နေနိုင်ကြရဲ့လား။
ကိုယ်ရော စိတ်ပါ ညီညွှတ်ကြရဲ့ လား။
အချင်းချင်း ဝိဝါဒမကွဲ ပဲ နေနိုင်ကြရဲ့ လား။
"ပီယစက္ခုဟိ သံပသံတာ" တစ်ယောက်ကတစ်ယောက်ကို
မေတ္တာတရားနဲ့ ကြည့် နိုင်ကြရဲ့လား။ "
လို့ မေးခွန်းလေးခု မေးခဲ့ပါ တယ်။
အဲ့ဒီလိုမေးတဲ့ အခါမှာ သုံးပါးစလုံး ဟာ တူညီ
တဲ့ အဖြေတစ်ခု ပဲဖြေခဲ့ ကြပါတယ်။
အတူနေ မ ထေရ်မြတ်နှစ်ပါးရဲ့ ဆန္ဒ
အတိုင်း တပည့်တော်တို့ရဲ့
စိတ်တွေကိုလျော့ ချထားပါတယ်။တပည့်တောမတို့
ရဲ့ မာနတွေကို ဖယ်ထားပါတယ်လို့။တူညီစွာဖြေကြ
ပါတယ်။ဒီလိုအရှင်မြတ်တွေနဲ့ နေရတာ ဒီဘဝ
အ ရ တော် လေတယ်လို့ အချင်းချင်း ချီးကျူး
ကြပါတယ်။
အဲ့ ဖြေဆိုပြောဆိုလိုက်တော့ မြတ်ဗုဒ္ဓ က
ငါ့အရှင် တို့ ဤလှပတဲ့ ဥယျာဉ် ကြီးကို
မှန်မှန်ကန်ကန် အလှဆင်နိုင်ကြတယ်
လို ချီးကျူး သာဓုခေါ်
ခဲ့ပါတယ်။
ဒီအ မေးလေးခုနဲ့ အ ဖြေတစ်ခုဟာ
ညီညွှတ်အောင် ဘယ်လိုနေထိုင်ကြမလဲဆို
တာ ညွှန်ပြ နေပါတယ်။
၁။ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းမြောက်ဝမ်းသာ
နေကြပါ။
၂။ ကိုယ်ရော စိတ်ပါ ညီညွှတ်ကြပါ။
၃။အချင်းချင်း ဝိဝါဒမကွဲ ပဲ နေကြပါ။
၎။ "ပီယစက္ခုဟိ သံပသံတာ" တစ်ယောက်ကတစ်ယောက်ကို
မေတ္တာတရားနဲ့ ကြည့် ကြပါ။
၅။မာန်မာန အလိုဆန္ဒတွေကို တစ်ယောက်အလိုကျ တစ်
ယောက်လျှေချနေထိုင်ကြပါ။
အဲ့ဒါ "စူဋဂေါသိံဂ" သုတ်
ရဲ့ အနှစ်ချုပ်ပါ။
မဟာ ဂေါသိံဂ သုတ်
အဲ့ဒီ ဂေါသိံဂ ဥယျာဉ်ထဲမှာပဲ မြတ်ဗုဒ္ဓ နဲ့
အရှင် သာရိ ပုတ္တာ အရှင် မဟာမောဂ္လါန်
အရှင် အနုရုဒ္ဓါ အရှင် မဟာကဿ္ဘ
အရှင်ရေဝတ အရှင် အာနန္နာ မထေရ်
ခြေက်ပါး သီတင်သုံးနေစဉ် မြတ်ဗုဒ္ဓ
က ဒီလောက်လှပတဲ့ ဥယျာဉ်ကြီး ကိုဘယ်လို
အလှပြင်
တန်ဆာဆင် မလဲ တန်ဆာဆင် နည်းလေးများ
ရှိရင် ပြောစမ်းပါလို မေးခဲ့ပါတယ်။
ပညာညဏ် ကြီးတဲ့ အရှင် သာရိ ပုတ္တာ
က ပညာနဲ့ အလှဆင် မှ လှမှာပါဘုရားလို့
လျှောက်ပါတယ်။
တန်ခိုးအရာမှာ ကြီးမားတဲ့ အရှင် မဟာမောဂ္လါန်
က တန်ခိုး နဲ့…
ဓူတင်ဆောင် တဲ့ နေရာမှာ ထင် ရှားလှတဲ့
အရှင် မဟာကဿ္ဘ ကဓူတင် နဲ့…
ဓိဓ္ဗစက္ခု အရာမှာ ကျော်ကြား လှတဲ့
အရှင် အနုရုဒ္ဓါ ကလည်း
ဓိဓ္ဗစက္ခု နဲ့…
ဈန်ဝင် စားတဲ့နေရာမှာ ထင် ရှားလှတဲ့
အရှင်ရေဝတ ကလည်း
ဈန်ဝင် စား ခြင်းနဲ့…
အကြားအမြင် ဗဟုသုတ အရာမှာ
ကျော်ကြားလှတဲ့
အရှင် အာနန္နာ ကလည်း
ဗဟုသုတ နဲ့…အသီးသီး ဖြေကြားပါတယ်။
ငါ့အရှင်တ တို့ တန်ဆာဆင် နည်းမဟုတ်သေး
ဘူးဟု မိန့်ကြားပါတယ်။
ဇွဲ လုံ့လ ဝီရိယ တို့ နဲ့ အလုပ်လုပ် ပြီးသာတန်ဆာ
ဆင် မှလှမည်ဟု မိန့်ဆိုပါတယ်။
ဤ ဂေါသိံဂ နှစ်သုတ်မှ ညီညွှတ်အောင်နေနည်း
၆ မျိုးရပါတယ်။
ညီညွှတ်အောင်နေနည်း
၁။ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းမြောက်ဝမ်းသာ နေကြပါ။
၂။ ကိုယ်ရော စိတ်ပါ ညီညွှတ်ကြပါ။
၃။အချင်းချင်း ဝိဝါဒမကွဲ ပဲ နေကြပါ။
၎။ "ပီယစက္ခုဟိ သံပသံတာ"တစ်ယောက်ကတစ်ယောက်ကို
မေတ္တာတရားနဲ့ ကြည့် ကြပါ။
၅။မာန်မာန အလိုဆန္ဒတွေကို တစ်ယောက်အလိုကျ တစ်
ယောက်လျှေချနေထိုင်ကြပါ။
၆။ ဇွဲ လုံ့လ ဝီရိယ တို့ နဲ့ အလုပ် လုပ်
ကြပါ။
သမဂ္ဂများဆောင် ရန်ရှောင် ရန်
တရားဝင်ဖြစ်တည်မှု (Legitamacy) ကို မျှမျှတတမရ သေးလျှင် သမဂ္ဂများစွာ၏ တာဝန် ရှိသူများအ နေဖြင့်
မိမိတို့ဆောင် ရွက်သမျှ ရှုံးမှု နိုင် မှု တန့်မှု များကို မှတ်တန်းတင် ထားကြပါ။
ဘယ်အချိန် ဘယ်နေရာ ဘယ်လောက် ဘယ်အ ကြောင်းရင်းခံ ဘယ်အာဏာပိုင် ဘယ်အဖွဲ့များဆိုသည့်
အချက်ပေါင်း များစွာပါဝင်သော အောင်မြင် ကျရှုံးမှုများကို စနစ်တကျဇယားကွက်များ သချာင်္နှင့် စာရင်ပေါင်းစပ်သော ပုံကားချပ် စသည်တို့ ဖြင့် မှတ်တမ်းပြုစုထားပါ။
ဂလိုဘယ်လေဘာယူနီယမ်
နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် သက်ဆိုင် ရာအစိုးရတို့ထံ တရားဝင်ပေးပို့
ပါ။
သေးတာ ကြီးတာ ရတာ မရတာ သိပ်ဦးစားမ ပေးဘဲ "လူမှုတရားမျှတမှု" နှင့် "မျှတပြေပြစ်တရားဥပ ဒေ"
ကို ဦးတည်တောင်းပေးကြပါ။
အန္တရာယ် ရှိနိုင်သောကြောင့် လူပုဂ္ဂိုလ်နာမည်များ ( အာဏာပိုင် များနှင့် တာဝန်တကယ်ရှိသူ
ယူရဲသူနာမည်များမှအပ) အလုပ်သမားအခြေခံအဖွဲ့ ငယ်များကို မထည့်မိဖို့ ထောက်ပြထားသည်။
မီဒီယာများကိုရဲရဲပြောပါ။
မိမိတို့ဆီမှာ ဘယ်မီဒီယာက ဘာကိုရည်ရွယ် လုပ်ကိုင်နေမှန်း
သိဖို့ ခက်ခဲကြသည်။
မီဒီယာအစစ်တွေမှာလည်း မလိုလျှင်
မလိုသလို နှိပ်ကွပ်ခံရကိန်းရှိနေသေးသည်။ အာဝဇ္ဇန်ကောင်းသောကိုယ် စားလှယ်များလည်း တစ်စုံ
တရာ (အခွင့်ရေးမဟုတ်လျှင် ကြောက်စိတ် ) နှင့်
တွေ့ထိမှုကို သိပ်ကြာကြာခံနိုင် ပါမည်လား။ကိုယ့်ကိုယ်ကို မညှာတမ်းဆန်းစစ် ဖို့ တော့လိုနေကြ၏။
စကားလုံးအရ တော့
ပြည်သူ(အလုပ် သမား) ဘက်ကရပ် သည့်လူများသ လောက် လက်တွေ့ မှာခရီးသိပ် မတွင် လှတာ အရှိတရား ဖြစ်နေပါသေး၏။
The Worker Journal မှ ကောက်နုတ်ဖော်ပြသည်။
Sunday, January 26, 2014
Thanks your kindness my great Google and...
![]() | Kojme Jme shared Kojme Jme's post with you. |
![]() | Kojme Jme Thanks your kindness my great Google and craters of Android and Android applications because they help me to learn html language with my handset galaxy fit.Web-master Application of Google Play make my dream comes true. Google က web- master Application လေးနဲ့ Html လေ့လာကြမယ်. View or comment on Kojme Jme's photo » Google+ makes sharing on the web more like sharing in real life. Learn more. Join Google+ |
You received this message because Kojme Jme shared it with kojme8.jmthtml@blogger.com. Unsubscribe from these emails. You can't reply to this email. View the post to add a comment. Google Inc., 1600 Amphitheatre Pkwy, Mountain View, CA 94043 USA | ![]() |