Wednesday, May 8, 2013

သတင်း

Aye Chan Mon အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း အခြေအနေ
By mmweather.ygn, on May 6th, 2013
http://blog.mmweather.com/2013/05/06/bob-io-6may/

ယနေ့ မေလ ၆ ရက်နေ့ တွင် စတင် ဖြစ်ပ်ါလာသည့် လေဖိအားနည်းဆဲလ် 92B သည် မေလ ၆ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ အချိန်တွင် အနောက်တောင်ဘက်သို့ ရွေ့လျားပြီး ဆက်လက် တည်ရှိနေပါသည်၊ မေလ ၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှ စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် 91B သည် အိန္ဒိယနိုင်ငံ တောင်ပိုင်းစွန်းအား ဖြတ်သန်းပြီး အာရေဗျပင်လယ်ဘက်သို့ ရောက်ရှိသွားပြီဖြစ်ပါသည်။

အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် INVEST 91B နှင့် 92B တို့မှာ သိသိသာသာ အင်အား ကောင်းလာခြင်း မရှိသော်လည်း အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ဧပြီလ ၃ ရက်နေ့မှ စတင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ် 94S မှာ ပိုမို အားကောင်းလာနေပြီး ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ခြေ MEDIUM အဆင့်သို့ ရောက်ရှိလာကြောင်း တွေ့ရပါသည်။

ဤဖြစ်စဉ်များနှင့် ဆက်စပ်၍ မြန်မာနိုင်ငံ အချို့ အရပ်များတွင် တိမ်ထုများ ဖြစ်ပေါ်နေပြီး နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်း လေပြင်းတိုက်ခတ်ခြင်း စသည့် မိုးဦးလေဦး ကာလအခြေအနေများကို စတင်တွေ့မြင်နေရပြီ ဖြစ်ပါသည်၊ သို့ရာတွင် မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းလွန်ပင်လယ်တို့တွင် မုန်တိုင်း ဖြစ်လာနိုင်မည့် အရိပ်အယောင်ကို မတွေ့ရသေးပါ။

လေဖိအားနည်းဆဲလ် 91B (အာရေဗျ ပင်လယ်သို့ ရောက်ရှိ)
06 May 2013 1200Z
Location: 7.4 74.3
Winds: 15 knots
Central Pressure: 1010 hPa

လေဖိအားနည်းဆဲလ် 92B
06 May 2013 1200Z
Location: 4.4 86.6
Winds: 15 knots
Central Pressure: 1010 hPa

လေဖိအားနည်းဆဲလ် 94S (မုန်တိုင်း ဖြစ်နိုင်ခြေ MEDIUM)
06 May 2013 1200Z
Location: -4.3 86.5
Winds: 25 knots
Central Pressure: 1004 hPa

အေးချမ်းမွန် Credit & Copy From >MMweather Page<Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်။

No comments:

Post a Comment