Thursday, May 30, 2013
သားသမီး အရေအတွက် ကန့်သတ်ချက် ကုလဆန့်ကျင်
မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်တွင်းက အစ္စလာမ်ဘာသာဝင်တွေ အများစု ရှိရာ မြို့၂ မြို့မှာ တအိမ်ထောင် ကလေး ၂ ယောက်ပဲ ယူဖို့ သတ်မှတ် လိုက်တဲ့ အစီအစဉ်ကို လက်မခံနိုင်တဲ့အကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက မူဆလင်မိသားစုတွေ အနေနဲ့ သားသမီး ၂ ယောက်ထက် ပိုမယူကြဖို့  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရခိုင်ပြည်နယ် စစ်တွေ့မြို့က ဒုက္ခသည်စခန်းတွင်းမြင်ကွင်း
http://feeds.feedburner.com/thithtoolwin/yIWV
မြန်မာ့ စီးပွားရေး ပမာဏ ဒေါ်လာ ဘီလီယံနှစ်ရာ အထိ တိုးလာဖွယ်ရှိ
ကမ္ဘာမှာ အလျင်အမြန်ဖွံ့ဖြိုးနေတဲ့ အာရှဒေသမှာ မြန်မာနိုင်ငံဟာ ပုံမှန်မဟုတ်ပေမဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေ အတွက် အလားအလာကောင်း တွေရှိတယ်လို့ ကမ္ဘာတဝန်း တိုးတက်ပြောင်းလဲနေတဲ့ စီးပွားရေး အခြေအနေတွေကို လေ့လာနေတဲ့ အဖွဲ့တခုကပြော လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ အစောပိုင်း အဆင့်မှာပဲ ရှိသေးတဲ့အတွက် စီးပွားရေး အစပြုလုပ်နိုင်ဖို့ အားသာချက်တွေ ရှိနေတယ်လို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြန်မာနိုင်ငံ ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတွင်း လုပ်ငန်းခွင်က အထည်ချုပ်လုပ်သားများ။
http://feeds.feedburner.com/thithtoolwin/yIWV
၁၂နှစ်ကြာမှ ရွှေကလောင်လက်ဝယ်ရခဲ့သည့် ဟံသာဝတီဦးဝင်းတင်
World Association of Newspaper ကချီးမြှင့်သည့် Golden Pen of freedon ဆုကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အားမေ ၃၀ ရက်က ဌင်းကောင်းနေထိုင်ရာ ရန်ကင်းမြို့နယ်ရှိ နေအိမ်သို့ Ethical Journalisom Network Director Aidan White ကိုယ်တိုင်လာရောက်၍ ပေးအပ်ချီးမြှင့်ခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
၁၂နှစ်ကြာမှ ရွှေကလောင်လက်ဝယ်ရခဲ့သည့် ဟံသာဝတီဦးဝင်းတင်
http://feeds.feedburner.com/thithtoolwin/yIWV
လူသတ် စက်ရုပ် လက်နက် အရေး လူ့အခွင့် အရေး ကောင်စီ ကြားနာ
လူတွေရဲ့ ထိန်းချုပ်မှု မပါဘဲ ကိုယ်တိုင် ထိန်းချုပ် နိုင်တဲ့ လူသတ် စက်ရုပ် ခေါ် နောက်ဆုံးပေါ် လက်နက် ဆန်း တွေ အသုံးပြုမှု နဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီက ကြားနာနေပါတယ်။ ဒီစက်ရုပ်တွေဟာ လူသတ်ဖို့ ဒါမှမဟုတ် ပစ်မှတ်တွေကို ဖျက်ဆီးပစ်ဖို့ ကြိုတင် ပရိုဂရမ် လုပ်ထားတာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
စစ်တိုက်ရာမှာ သုံးဖို့ လူသတ် စက်ရုပ် တီထွင် နေ
http://feeds.feedburner.com/thithtoolwin/yIWV
Wednesday, May 29, 2013
စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမားတွေ အစာငတ်ခံဆန္ဒပြ
ရန်ကုန်မြို့၊ လှိုင်သာယာ ငွေပင်လယ်စက်မှုဇုန် စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမား ၄၉ ဦးကို အလုပ်ထုတ်လိုက်တဲ့အတွက် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကတည်းက ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေဟာ မနေ့ညနေပိုင်းကစလို့ အစာငတ်ခံ ဆန္ဒပြနေကြပြီဖြစ်ကြောင်း ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ယဉ်ကျေးလိမ်မာသင်တန်း ပြီးဆုံးသွားသော်လည်း
ယဉ်ကျေးလိမ်မာသင်တန်း ပြီးဆုံး သွား သော်လည်း ဆရာတော်၏ မှာကြားချက်အရ စက်ရုံအတွင်းမှ သင်ဆန်းသားအချို့
သည် ဆရာတော်ပို့ချစဉ်တုန်းက အတိုင်း
ဘုရားရေတော်ကပ်ခြင်း ဓမ္မာရုံအတွင်း အပြင်သန့်ရှင်ရေးလုပ်ခြင်းအစရှိသော
အလုပ်များကို ပုံမှန် လုပ်ဆောင်လျက်
ရှိသည်။
ကျတော်ကတော့ဒီအလေ့အကျင့်လေးကို ရေရှည်စွဲမြဲသွားစေချင်တယ်ဗျာ။
လားရှိုးမှာ ပုဒ်မ ၁၄၄ ထုတ်ပြန် ၊ ဗလီတချို့ နှင့် မြို့ မဈေး မီးလောင်
ရှမ်းမြောက်ပိုင်း လားရှိုးမြို့ မှာ ဆူပူမှုတွေကြောင့် ပုဒ်မ ၁၄၄/ ထုတ်ပြီးနောက် ၁၀း၂၀ နာရီမှာ လူစုကွဲသွားပြီး မီးသတ်ကလည်း မီးငြိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြို့မဗလီနှင့်ကပ်လျက် မြို့မဈေးကို မီးကူးစက်သွားတာ ခုချိန်ထိ မငြိမ်းသေးပါဘူးလို့ သိရပါတယ်။  ၁၁း၀၀ နာရီခန့်မှာ လေးငါးဆယ် အင်အားရှိတဲ့ လူစုဟာ ပျောက်ကြား အသွင်ဆောင်လာကြပြီး မီးရှို့ဖျက်ဆီးကြလို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လားရှိုးမြို့ဗလီမီးလောင်နေပုံ
အစ္စလာမ်မိဘမဲ့ဘာသာရေးကျောင်းနှင့် အနီးတစ်ဝိုက်ရှိအိမ်များမီးလောင်နေပုံ
http://feeds.feedburner.com/thithtoolwin/yIWV
အရှေ့တောင်အာရှ လိင်ကျွန်များဘဝ
ထိုင်းနိုင်ငံ ပက်ပုံးလမ်းတွင် ဖြစ်သည်။ ပေါ့ပ်ဂီတသံတွေက လွင့်ပျံ့ ထွက်လာသည်။
သူမအမည်က မိုင်းလီ။ အသက် ၂၄ နှစ်သာ ရှိသေးပြီး ထိုင်းနိုင်ငံမြောက်ပိုင်း
ချင်းရိုင်မြို့က အပျော်မယ်လေးတစ်ယောက် ဖြစ်သည်။ နက်မှောင်သည့် ဆံပင်ရှည်ရှည် နှင့် နှစ်လိုဖွယ် မျက်နှာထားရှိသည်။ သူမ ဘဝနှင့် သူမအလှက မထင်ရက်စရာ ဖြစ်သည်။ ထိုင်းတက္ကသိုလ် တစ်ခုတွင်တိရစ္ဆာန် ဆေးကု ဘာသာရပ်ဖြင့် တက်ရောက် ပညာသင်ကြားခဲ့သည်။ ၁၉၉၇ ခုနှစ် အာရှစီးပွား ပျက်ကပ်တွင် မိသားစုဘဝပျက်ပြီး သူမလည်း ဤဘဝသို့ ရောက်ခဲ့ရသည်ဟု ဆိုသည်။
မိုင်းလီကဲ့သို့ ထိုင်းနိုင်ငံရှိ အမျိုးသမီး ပေါင်းများစွာ ဘဝတွေပျက်ခဲ့ရသည်။ စီးပွားပျက်မှု ပေါင်းများစွာတွင် အရှေ့တောင် အာရှ၏ လူကုန်ကူးမှု ဝဲဂယက်အတွင်း သက်ဆင်းခဲ့ကြရသည်။ အမျိုးသမီးပေါင်း များစွာကို လိင်ကုန်ကူးရန် အတွက်သာမက ခိုင်းစေရန်နှင့် ကိုယ်တွင်းအင်္ဂါ အစိတ် အပိုင်းများ ဖြတ်တောက်ယူရန် အတွက်ပါ ကုန်ကူးကြတော့သည်။ ထိုအထဲတွင် ကလေးလိင်ကျွန်အဖြစ် ခိုင်းစေရန် အပြစ်မဲ့သော ငယ်ရွယ်သည့် မိန်းကလေးငယ် ပေါင်းများစွာလည်း ပါဝင်သည်။
မိုင်းလီက -
"အခြေအနေက တကယ့်ကိုဆိုးပါ တယ်။ ကျွန်မအထင် သနားကြင်နာတတ် တဲ့ ယောက်ျားတွေ ဒီလောကကြီးမှာ မရှိတော့ဘူးလို့တောင် ထင်မိတယ်။ ယောက်ျားဆိုတာ အမျိုးသမီးနဲ့ ကလေးတွေအပေါ် သနားကြင်နာလိမ့်မယ်လို့ ထင်ထားတာ။ ဒါတွေနဲ့ အမြတ်ထုတ်လိမ့်မယ်လို့ ထင်ကို မထားတာ။ ယောက်ျားအများစုက မင်းသား ရုပ်ခေါင်းစွပ်ထားတဲ့ ဘီလူးတွေ ဖြစ်နေ တယ်" ဟု ပြောလိုက်သည်။
သူမထောက်ပြလိုက်သည့် အနေအထားကလည်း လက်ခံချင်စရာဖြစ်သည်။ မကြာသေးမီက ထိုင်းရဲအရာရှိ တစ်ဦးသည် လမ်ပီနီတွင် ၁၂ နှစ်သမီးလေးကို မုဒိမ်းကျင့်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုရဲအရာရှိထောင်ဒဏ်အနှစ် ၂၀ ကျသွား သည်။ ထိုသို့ရက်စက်မှုပေါင်း များစွာနှင့် ရင်းနှီး ပေးဆပ်ခဲ့ပြီးမှ ထိုင်းလွှတ်တော်က နိုင်ငံတကာ ဥပဒေများအတိုင်း ကလေးသူငယ် အဓမ္မကျင့်မှုနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြဋ္ဌာန်းရန် ထောက်ခံကြ တော့သည်။
မိုင်းလီက ထမင်းစားရင်း "လူတွေက ကလေးတွေကို ရောင်းတယ်၊ ဝယ်တယ် ဆိုပြီး လုပ်နေကြတယ်" ဟု ပြောလိုက်သည်။
သူမသည် ကိုယ့်ခန္ဓာကိုယ် ရောင်းစားနေရသော်လည်း ငွေကြေးများများစားစား မရ။ ရသမျှငွေကိုလည်း သူမမိသားစုအတွက် ချင်ရိုင်းသို့ ပြန်ပို့ရန် စုဆောင်းထားရသည်။
"ကျွန်မမှာ ညီမလေးသုံးယောက် ရှိတယ်။ ကျွန်မမှငွေမပို့ရင် စားစရာမရှိဘူး။ ကျွန်မ အေအိုင်ဒီအက်စ်ဖြစ်မှာတော့ စိုးရိမ်တယ်။ ဒါပေမဲ့ လိင်ကုန်ကူးတယ်ဆိုတာ ဟိုးရှေးရှေးကတည်းက လုပ်လာကြတာပဲ။ သမိုင်းစကတည်းက ရှိတယ်လို့တောင် ပြောကြတယ်။ ဒီလောက်အခြေခိုင်ပြီး မချိုးဖျက် နိုင်ခဲ့တဲ့ လုပ်ငန်းကြီးတစ်ခုလေ" ဟု သူမက ဆိုသည်။
မိုင်းလီတစ်ယောက် အဘယ်ကြောင့် မနှစ်မြို့သည့်လောကကြီးထဲတွင် ကျင်လည် နေရသနည်း။
"ကျွန်မခန္ဓာကိုယ်က ပိုက်ဆံဖြစ်နေ တယ်လေ။ ယောက်ျားတွေအသားအရေ၊ အရောင်အသွေး၊ အမူအရာတွေကို သိပ်ရွေးတယ်။ အဝေ့အဝိုက် အကွေ့အကောက် တွေများရင် ပိုကြိုက်တယ်။ သူတို့ကြိုက်ရင် ပြီးပြီ။ ကျွန်မမှာ ရွေးချယ်ခွင့်မှမရှိတာ။မျက်ရည်ပဲ ရှိတာလေ" ဟု ပြောသည်။
ထိုင်းနှင့် အရှေ့တောင်အာရှက အမျိုးသမီးများသည် လိင်ကုန်ကူးသည့် ဈေးကွက်တွင် လူကြိုက်များသည်။ ပက်ပုံးလမ်းပေါ်က တိရစ္ဆာန်ရုံနှင့် ဘန်ကောက် မီးနီလမ်းရှိ ဆိုင်ကောင်းဘွိုင်တို့တွင် သူတို့နှင့်ပြည့်နေသည်။ မြောက်ပိုင်းမှ အသားဖြူဖြူ ထိုင်းပျိုဖြူများသည် မွန်ဂိုနှင့် တိဘက် မျိုးနွယ်များ ဖြစ်ကြသဖြင့် မွတ်ဆလင်နှင့် မလေးတောင်ပိုင်း သူတွေထက် အကြိုက်ပို များသည်။ အင်ဒိုမလေးများနှင့် ဘင်္ဂလားဒေ့ရှ်မှ အမျိုးသမီးများကိုမူ ထိုင်းနိုင်ငံသို့ လိင်ကျွန်အဖြစ် လာရောက်ခြင်းအား ပိတ်ပင်ထားသည်။
အိန္ဒိယနိုင်ငံတွင် ဟိမဝန္တာဘက်မှ လာသော ဖြူဖြူချောချောစွဲမက်စရာ ကောင်းသည့် မိန်းကလေးများကို ကာလကတ္တားသို့ ခေါ်လာကြပြီး သူတို့အမူအရာ၊ အရည်အသွေးအလိုက် အော်ဒါရှိသည့် နိုင်ငံများသို့ တစ်ဆင့်ပြန်ပို့သည့် လုပ်ငန်း ခေတ်စားသည်။ မလေးရှားကဲ့သို့ အစ္စလာမ်မစ် နိုင်ငံများတွင် လိင်ကုန်ကူးမှုကို တားမြစ်ထားသော်လည်း ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် များသော ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် လိင်ကုန်ကူးမှုမှာ တစ်နေ့တခြားတိုးပွား လျက်ရှိနေသည်။
ဆွီဒင်နိုင်ငံတွင် ပြည့်တန်ဆာလုပ်ခြင်း ကို တရားဥပဒေအရ တားမြစ် ပိတ်ပင်ထားသည်။ ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်း က အတိတ်ဇာတ်ကြောင်းတွေ အများကြီး ရှိသည်။ ၂၀၀၂ ခုနှစ် စစ်တပ်ကအာဏာ သိမ်းပြီးနောက် နိုင်ငံခြားတပ်သားပေါင်း ၁၁၀၀ ဦးကို နိုင်ငံအတွင်းသို့ ခေါ်လာခဲ့သည်။ ထိုအထဲတွင် အမေရိကန်စစ်သား များလည်း ပါသည်။ ထိုင်းပြည်ထဲရေးဝန်ကြီး ကလည်း ထိုင်းနိုင်ငံအတွင်း ထိုစစ်သားများပျော်ပျော်ပါးပါး လိင်ကစားနိုင်ရန် ဥပဒေများ ထုတ်ပြန်ပြီး အကာအကွယ်ပေးထားသည်။ ဘားဆိုင်များကို နံနက် ၂ နာရီအချိန်တွင် ပိတ်ရမည် ကိုထပ်ပြီး အချိန်တိုးချဲ့ပေး လိုက်သည်။ ပြည့်တန်ဆာနှင့် ဇိမ်ခန်းခတွေဈေးတက် ကုန်သည်။
မိုင်းလီက ဆွေးမြည့်စွာဖြင့် "ကျွန်မကိုစိတ်မကောင်းမဖြစ်ပါနဲ့။ ကလေးတွေကိုပဲ စိတ်ပူပါရှင်။ သူတို့အတွက်က ပိုပြီးအန္တရာယ် များပါတယ်"ဟု ပြောလိုက်သည်။
ကလေးသူငယ်များကို မုဒိမ်းကျင့်မှု များသည် တောင်အာဖရိကတွင် မြင့်မားလာပြီး အရှေ့တောင်အာရှသို့ပါ တောမီးပမာ ကူးစက်လာသည်။ ကမ္ဘောဒီးယားနိုင်ငံ ကလေးလိင်ကျွန် လုပ်ငန်းသည် ကမ္ဘာ သိထင်ရှားခဲ့သည်။ ကွန်မြူနစ် ဗီယက်နမ် နိုင်ငံတွင်လည်း ကလေးသူငယ် အဓမ္မကျင့် ခံရမှုပေါင်း ၃၅၀၀ ခန့်တက်လာသည်။ ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် သာမန်အမှုများ ထက် မုဒိမ်းမှုများ ၉၀ ရာခိုင်နှုန်းကျော် တိုးတက်မြင့်မားလာသည် ဆိုခြင်းက အာရှ၏ စိုးရိမ်စရာ အနေအထားဖြစ်သည်။
အရှေ့တောင်အာရှကို ဖြတ်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်ပေါင်း သုံးသိန်းခန့် လိင်ကုန်ကူးခြင်း ခံနေရသည်။ အများစုမှာ ထိုင်းနိုင်ငံနှင့် တရုတ်ပြည်နယ်စပ် တို့တွင် အလုပ်လုပ်နေကြရပြီး၊ ဘန်ကောက် လမ်းမများ ပေါ်သို့ ရောက်လာသူများပင် ရှိသည်။ အရှေ့တောင်အာရှတွင် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရမည်လား ဟူသည့် အထင်နှင့် တရုတ်ပြည်မှထွက်လာ သည့် သူများပင်ရှိသည်။ သူတို့တွင် ပိုက်ဆံလည်း တစ်ပြားမှပါမလာ။ မိသားစုပျောက် ဆုံးနေသူတွေလည်း ထိုအထဲတွင်ပါသည်။ သူတို့ကိုယ်သူတို့ ရောင်းစားခဲ့သူများလည်း ပါသည်။ လာအိုနှင့် မြန်မာတောများကို ငှက်ဖျားဒဏ်တွေ ကြံ့ကြံ့ခံရင်း ဖြတ်လာကြ ရသည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူသို့ ဗင်ကားများဖြင့် ခိုးလိုက်ပြီး သူတို့ရောက်လာကြသည်။ ၄င်းတို့အား ချုပ်ကိုင်သူများ ကလိမ်ကကျစ် များ၏ အပေးအယူ အမျိုးမျိုးတွင် ဒေါ်လာ ၂၀၀၀မှ ၄၀၀၀ ခန့် အထိ ဈေးပေါက်သော်လည်း သူတို့တန်ဖိုး အမှန်ကို မသိရသူတွေများသည်။ သူတို့ကို ခေါ်လာသူတွေကိုပင် ကယ်တင်ရှင်ကြီးတွေ အထင်ဖြင့် ထားရာနေ၊ စေရာသွား၊ ခိုင်းတာ လုပ်နေကြရသူများ ရှိသည်။ အချို့ မိန်းကလေးများ ဆိုလျှင် ၄င်းတို့အား ချုပ်ကိုင်သူများနှင့် ပွဲစားများကြားတွင် ခုနစ်ကြိမ်မှ ဆယ်ကြိမ်ခန့်အထိ လွှဲအပြောင်းခံခဲ့ကြရသည်။
မိန်းကလေးများ၏ ဘဝမှာ သနားစရာ ကောင်းလှသည်။ အချို့မှာ ပြန်ပေးဆွဲခံ လာရခြင်းဖြစ်ပြီး၊ အချို့မှာ မိဘများကိုယ်တိုင်က ရောင်းစားလိုက်ခြင်းဖြစ်သည်။ အများစု မှာ မိဘမဲ့ဘဝများ၏ သားကောင်များ ဖြစ်ရသည်။ အနည်းငယ် ကံကောင်းသူလောက်သာ စက်ရုံအလုပ်ရုံ များတွင် အလုပ်သမားဘဝ ရောက်ကြရသည်။ မိန်းကလေး အများစုမှာ ချောချောလှလှလေးတွေ ဖြစ်သည်။ ရုပ်ရည်ချောမောလှပခြင်းက လိင်ကျွန်ဘဝ ရောက်ရန် အကြောင်းဖန်လာသလို ဖြစ်ခဲ့ရသည်။ အချို့ရုပ်ရည်ချောမောလှပသည့် မိန်းကလေးများသည် တိုကျိုနှင့် ကိပ်တောင်း မြို့များအထိ ခေါ်သွားခြင်းခံရသည်။
မိုင်းလီလို မိန်းကလေးမျိုးတွေ ထိုင်းနိုင်ငံတွင်များစွာရှိသည်။ သူတို့ဘဝတွေက အဆုံးအစမဲ့သော အလင်းပျောက်နေသည့် လိုဏ်ခေါင်းအတွင်း လျှောက်လှမ်းနေ ကြသလို ဖြစ်နေသည်။
"အိပ်မက်တော့ရှိတယ်။ ကျွန်မဖြစ်ချင်တာက ထိုင်းတစ်နိုင်ငံလုံးမှာ ရှိတဲ့ဆင်တွေကို ကယ်တင်ချင်တယ်။ တိရစ္ဆာန်တွေ အားလုံးကို ကယ်ချင်တယ်။ ဒါပေမဲ့ ခုတော့ ကျွန်မကိုယ်တိုင် တိရစ္ဆာန်တစ်ကောင်လို ဆက်ဆံခံနေရတယ်။ တကယ်လို့ ဆုတောင်း တိုင်းပြည့်မယ်ဆိုရင် ကျွန်မကိုလည်း လွတ်မြောက်ဖို့ ဆုတောင်းပေးပါလို့ ပြောချင်ပါတယ်"ဟု ဆိုလိုက်သည်။
မိုင်းလီက ရီဝေသောမျက်လုံးများဖြင့် အဝေးသို့ငေးကာ ဆွေးနေရှာသည်။ သူလည်း ဆုတောင်းနေမည်မှာ သေချာသည်။
(Sex-slave Trade Flourishes in Thailand, Anthony C. Lobaido, WorldNetDaily News)
(အယ်ဒီတာတစ်ဦး) -The Voice Weekly
http://feeds.feedburner.com/thithtoolwin/yIWV
Friday, May 24, 2013
မင်းဘူးမြို့ မှာ ရိုမီရိုနှင့်ညီများ မီးလောင် (ရုပ်/သံ)
မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ တွင် မေလ(၂၅)ရက်နေ့ နံနက် တစ်နာရီခန့် က ရိုမီရိုနှင့်ညီများ အထွေထွေ အရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွား ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ မီးလောင်မှုကို  မင်းဘူးမီးသတ် ၊ မကွေးမီးသတ်နှင့် အများပြည်သူတို့ မှ ၀ိုင်းဝန်းငြှိမ်း သတ်လျှက် ရှိကြောင်းနှင့် မီးလောင်မှု အကြောင်းအရင်းကို မသိရသေးကြောင်း မင်းဘူးမြို့ ကနေ ကိုလူနီကလေး က သတင်း ပေးပို့ ထားပါတယ်။
မီးလောင်မှု မြင်ကွင်း ရုပ်သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ရဲတပ်ကြပ်ကြီးတဦးမှ အမျိုးသမီးတဦးအား မုဒိမ်းကျင့်မှုဖြစ်ပွား
ပုဇွန်တောင်မြို့နယ်၊ ရေကျော်ရပ်၊ မြောင်းကြီးလမ်း၊ အမှတ် (၆၉)နေ မ------၊ ၄၀နှစ်၊ (ဘ)ဦးရွှေထွန်း သည် ၄.၅.၂၀၁၃ ရက်နေ့ နံနက် ၀၂၀၀ အချိန် နေအိမ်တွင်ရှိနေစဉ် သူမနှင့်ခင်မင် ရင်းနှီးပြီးနေအိမ်များသို့ အပြန်အလှန်ဝင် ထွက်သွားလာနေသူ အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးတင့်အောင်ဝင်းသည်  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့ရေး ဆွေးနွေး
နောင်လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့မှုတွေ ပေါ်ထွက်လာနိုင်အောင် သမ္မတဆီတင်ပြဖို့ စီစဉ်ထားတယ်လို့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားကလေးများ ပညာသင်ထောက်ပံ့ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုစီစဉ်တဲ့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာစိုးနောင်က အဲသလို ပြောကြားခဲ့တာပါ။
"ကလေးတွေကို မြေတောင်မြှောက်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ဘဝကို ဂရုစိုက်ပေးခြင်းအားဖြင့် လာမယ့် ၂ဝ၁၄၊ ၂ဝ၁၅ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလုပ်ငန်းကိုလုပ်နိုင်အောင် ကြိုးစားပြီးတော့ အကောင်အထည်ဖော်နိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံဟာ လာမယ့် ၁ဝ နှစ်၊ ၁၅ နှစ်အတွင်းမှာ ဆင်းရဲမွဲတေမှုတွေလည်း လျော့ကျသွားမယ်၊ မှုခင်းတွေလည်းလျော့ကျသွားမယ်၊ ပိုပြီးတော့ အေးချမ်းသာယာဝပြောတဲ့ တိုင်းပြည်ဖြစ်လာမယ်"
ဆင်းရဲနွမ်းပါးသူ မိဘတွေရဲ့ သားသမီးတွေ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းထဲက ဆင်းရဲသားလူတန်းစားတွေ အများစုနေထိုင်ကြတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေက ဆရာ၊ ဆရာမတွေ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
RFA Burmese
http://feeds.feedburner.com/thithtoolwin/yIWV
လွဲနေတယ်ဆိုရင်တော့ အမြန်ဆုံးပြင်လို့ ရအောင်
နေပြည်တော်ကနေ လွိုင်ကော်ကို ပင်းလောင်းလမ်းကနေ 17.05.13 ရက်နေ့က ပြန်ရင်းကြုံခဲ့တာပါ။ အဲဒီလမ်းရဲ့ အကွေ့အများဆုံးဖြစ်တဲ့ 15 ကွေ့၊ နောက်ပြီး ကွေ့အမှတ် 6
မှာထင်တယ်။ ကားအကြီးကြီး တစ်စီးလမ်းလွဲပြီး ကန့်လန့်ခံနေလို့ အဲဒီလမ်းမှာ သွားလာနေတဲ့ကားအားလုံး ခရီးဆက်လို့မရဖြစ်နေတာ ကြုံခဲ့ရတယ်။
နေပြည်တော်ကနေ ကျွန်တော်တို့စီးလားတဲ့ ဒို့ညီနောင်ကားတစ်စီးပဲ လွိုင်ကော်ကလာတဲ့ကားနဲ့ ကားချင်းချိန်းပြီး ခရီးဆက်လို့ရခဲ့တယ်။ ဒါတောင်တော်တော်စောင့်ခဲ့ရတယ်။ ကျန်တဲ့ကားအားလုံးကတော့ တန်းစီစောင့်ကျန်နေခဲ့ကြတယ်။ ဘယ်လောက်ကြာအောင်စောင့်လိုက်ရမှန်းတော့
ကျွန်တော်လည်း မသိဘူး။ ဗိုက်ဆာလို့မှ အနားမှာ ဝယ်စားစရာ ဆိုင်မရှိ၊
ရေဆာလို့မှတောင်းသောက်စရာမရှိ တစ်ကယ့်ကို ဒုက္ခ တော်တော်ရောက်ခဲ့ကြရတယ်။
နောက်ပြီးအဲဒီရက် မုန်တိုင်းရှိပါတယ်ဆိုပြီး ကြော်ငြာထားတဲ့ရက်။ လေမတိုက်ပေမယ့် အဲဒီအရင်တစ်နေ့က မိုးတွေလည်း ရွာထားသေးတယ်။   ကားသမားကိုယ်တိုင်ကိုက
ဒီလောက်ကြီးတဲ့ကားနဲ့ ဒီလောက်ကျဉ်းတဲ့လမ်းကိုမောင်းသင့်သလား၊ နောက်ပြီး
လမ်းကိုထိမ်းသိမ်းဆောင့်ရှောက်နေတဲ့ တတ်သိနားလည်တဲ့ သူတွေကရော
ခွင့်ပြုသင့်သလားဆိုတာကိုပါ။ လွဲနေတယ်ဆိုရင်တော့ အမြန်ဆုံး
အဲဒီအပြုအမူတွေကိုပြင်သင့်ပါတယ်။
တိုးတက်ဖွံဖြိုးလာနေတဲ့ နိုင်ငံတော်ကြီးကို ကျွန်တော်တို့တစ်တွေကလည်း တာဝန်သိစိတ်နဲ့၊
တာဝန်ရှိသူတွေကလည်း တာဝန်ကျေပွန်ရင်းနဲ့ လက်ကမ်းကြို လိုက်ကြရအောင်ပါ။
အများဆုံးဖြတ်လို့ရအောင် အဲဒီနေ့က ရိုက်ခဲ့တဲ့ဓါတ်ပုံတွေပါ တင်ပေးလိုက်ပါတယ်။
မောင်မျိုး(ပြည်)
by Myanmar News Now
http://feeds.feedburner.com/thithtoolwin/yIWV
မြန်မာ့ပညာရေးအဆင့်မီရန် အောက်ခြေမှစ၍ ပြုပြင်သင့်ပြီ
ယနေ့အဘက်ဘက်မှ နောက်ကျကျန်ရစ်ခဲ့သော မြန်မာနိုင်ငံ၏ စနစ်သစ်ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ဆောင်ရာတွင် ပညာရေးအခန်းကဏ္ဍသည်လည်း အဓိကအရေးကြီးပါဝင်လျက် ရှိပါသည်။
တိုင်းပြည်တစ်ပြည်၏ တိုးတက်ရေးသည် စီးပွားဥစ္စာပိုင်ဆိုင်မှုထက် ပညာရေးတိုးတက်မြင့်မားဖို့ အထူးလိုအပ်လှပါသည်။ ဥပမာပြဆိုရပါလျှင် စင်ကာပူ၊ မလေးရှားနိုင်ငံတို့သည် မိမိတို့မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်လျှင် အားကိုးလောက်သော သယံဇာတနှင့် ရေမြေတောတောင် သဘာဝကွာခြားလှပေသည်။ သို့သော်ပညာရေးပိုင်းကို နှိုင်းယှဉ်လျှင် မိမိတို့၏တိုင်းပြည်၏ ပညာရေးသည် ထိုနိုင်ငံများထက်များစွာ ဆုတ်ယုတ်လျက်ရှိနေပေသည်။ ၎င်းနိုင်ငံများသည် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သော ပညာရေးအဆင့် ကို မီအောင်ကြိုးစားအောင်မြင်ခဲ့ကြသော နိုင်ငံများဖြစ်လာခဲ့ကြသည်မှာ ဆယ်စုနှစ်အတန်ပင် ကြာ လာခဲ့ပြီဖြစ်သည်။
ယနေ့အာရှတွင် မြန်မာနိုင်ငံနှင့်ရှေ့နောက် လွတ်လပ်ရေးရရှိခဲ့သော တရုတ်၊ အိန္ဒိယနိုင်ငံတို့၏ နည်း ပညာတိုးတက်ဖွံ့ဖြိုးမှုသည် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သောအဆင့်တွင် ရောက်ရှိနေကြသော်လည်း မြန်မာနိုင်ငံ၏ အခြေအနေကား သုညအောက်မှ အနုတ်လက္ခဏာသို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ လူမှုရေးနယ်ပယ်များ အဖတ်ဆယ်မရအောင် ကျဆင်းဆုတ်ယုတ်လာခဲ့သည်။
မြန်မာနိုင်ငံသည် သယံဇာတများပေါကြွယ်ဝ၏။ သဘာဝတောတောင်ရေမြေတို့ ပြည့်စုံလှ၏။ ရတနာပုံ ကြီးဖင်ခုထိုင်ထားရသော်လည်း ပညာမဲ့သောသူ၏ စည်းစိမ်ဥစ္စာသည် ပညာရှိသူတို့အတွက်သာ ဖြစ်ခဲ့ ချေပြီ။
ဓမ္မပဒ ဇာတ်တော်ထဲမှ ချမ်းသာကြွယ်ဝလှစွာသော မိဘတို့မှ စည်းစိမ်ဥစ္စာများအားကိုး၍ ပညာမသင် ဘဲထားခဲ့သော ကုဋေရှစ်ဆယ်အမွေရသူဌေးသားကဲ့သို့ ဘဝနိဂုံးအရှုံးနှင့်သာရင်ဆိုင်ရချေပြီ။ ဤသည် တို့ကို ဆန်းစစ်ကြည့်ပါက မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသော်လည်း ပညာမဲ့လူတန်းစား များ ဖြစ်ခဲ့ကြ၍ ယခုကဲ့သို့ တိုင်းပြည်ဆုတ်ယုတ်နစ်မွန်းခဲ့ရသည်ဟု ကောက်ချက်ချနိုင်ပါသည်။
ယနေ့ပညာရေးလောကကို ပြန်လည်သုံးသပ်ကြည့်လျှင် သူငယ်တန်းမှ ရှစ်တန်း၊ ကိုးတန်းအထိ မအောင်မရှိ ငါ့တပည့်စနစ်ကို ကျင့်သုံးနေကြသည်။ အတန်းပိုင်ဆရာ၊ ဆရာမများသည်လည်း မိမိတို့ထံငွေကြေးပေး၍ ကျူရှင်အပ်နှံထားသော ကျောင်းသားများမှလွဲပြီး တခြားသောကျောင်းသား တို့ကို ကျောင်းခန်းအတွင်း၌ စနစ်တကျစေတနာ သဒ္ဓါတရားနှင့် ကျောင်းသားကျောင်းသူများအားလုံး တတ်ကျွမ်းနားလည်အောင် စာရင်းထုတ်ပြန်ပေးခြင်းဖြင့် တာဝန်ကျေပွန်နေကြသည်။ ကျောင်းသားတို့ ၏ ဘဝသည်ကား အတန်းသာတက်သွားသော်လည်း ပညာတတ်များကား ဖြစ်မလာချေ။
လက်တွေ့သာဓကအနေဖြင့် ယခင်နှစ်မိမိ၏ သားငယ်လေးအား သူငယ်တန်းတွင် အပ်နှံကျောင်းထား ပေးခဲ့သည်။ မိမိတို့သည် လက်လုပ်လက်စားများဖြစ်သည့်အလျောက် ဆရာ၊ ဆရာမများထံသာ မိမိ တို့၏ရင်သွေးငယ်များ ပညာရေးကို အလုံးစုံအားကိုး၍ အပ်နှံခဲ့ခြင်းဖြစ်သော်လည်း ပညာသင်နှစ် တစ်ဝက်ကျိုးချိန်၌ သားငယ်၏ပညာရေးကို စစ်ဆေးကြည့်ရာ 'ဝ' လုံးမကွဲသော အဆင့်တွင်သာရှိနေ သေး၍ မိမိတို့၏ တူမတော်စပ်သူ (ဘွဲ့ရ) မိန်းကလေးအား အကူအညီတောင်း၍ အပ်နှံခဲ့ရသည်။ ကျွန်ုပ်နည်းတူ အိမ်နီးနားချင်းတို့လည်း ၎င်းတူမလေးထံအပ်နှံ၍ မိမိတို့၏ သားသမီးများကို သင်ကြား စေခဲ့ကြရသည်။ အထူးဝမ်းနည်းစရာကောင်းသည်မှာ ၎င်းတူမလေးသင်ကြားပြသသော ကျောင်းသား များတွင် ခြောက်တန်းကျောင်းသားလေးတစ်ဦး၊ လေးတန်းကျောင်းသားလေးတစ်ဦးပါရှိလာပြီး ၎င်းက လေးများသည်ပင် ကျွန်ုပ်၏သား သူငယ်တန်းနှင့်အတူ သူငယ်တန်းသင်ခန်းစာများမှ ပြန်လည်သင် ကြားပို့ချခဲ့ရသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိခဲ့ရပေသည်။
ယခုအတိုင်းဆက်လက်၍ သွားနေလျှင်တော့ မြန်မာပြည်၏ပညာရေးလောက ရေစုန်မျောနေသလို တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတို့သည်လည်း ချောက်ထဲမှတက်နိုင်မည်မဟုတ် တိုင်းပြည် တစ်ပြည်၏ အနာဂတ်သည် ယခုပညာသင်ကြားနေသာ ကျောင်းသား၊ ကျောင်းသူများ လက်ထဲတွင် ရှိကြပေသည်။ ကျောင်းသား၊ ကျောင်းသူများ အရည်အသွေးမဲ့နေပါက တိုင်းပြည်၏ အနာဂတ်ဘယ် သို့ ရှိကြပေလိမ့်။
အစကောင်းမှ အနှောင်းသေချာဆိုသလို ပညာရေးတည်ဆောက်မှုတွင် အခြေခံအုတ်မြစ် Founda-tion ခိုင်မာဖို့အထူးလိုအပ်သည်။ သို့မှသာ ကမ္ဘာအဆင့်မီရန် ပညာရေးလောကအမြင်သို့ တက်လှမ်း နိုင်မည် ထိုသို့မဟုတ်ပါက မြန်မာတို့၏ ဘွဲ့ရပညာရေးသည် အိမ်တွင်းဓာတ်ပုံအလှချိတ်ဆွဲထားရန်နှင့် မင်္ဂလာဆောင်သောအခါ အမည်၏နောက်မှဂုဏ်ပုဒ် ဖော်ဆောင်နိုင်ရန်အဆင့်တွင်သာ ရှိနေပေလိမ့် မည်။
မိမိနှင့်ခင်မင်ရင်းနှီးသူ အလယ်တန်းပြကျောင်းဆရာတစ်ဦး၏ ပြောပြချက်အရ မူလတန်းမှ အရည်အ သွေးမမီသော ကျောင်းသားများ၊ အလယ်တန်းသို့ရောက်ရှိလာကြရာ ထိုကျောင်းသားများအတွက် အလွန်အခက်အခဲတွေရှိရကြောင်း နှစ်တန်းမျှ အရည်အသွေးရှိ ကျောင်းသားများငါးတန်းသို့ ရောက်ရှိ လာကြရာ ၎င်းတို့၏ ပညာရေးကို မည်သို့မှ မြှင့်တင်ရန် မဖြစ်နိုင်ကြောင်းနှင့် ထိုကလေးများ၏ ပညာ ရေးအနာဂတ်သည် ဘယ်လိုမှ ထွန်းပေါက်အောင်မြင်ရန် မဖြစ်နိုင်တော့ကြောင်း ပြောပြသိရှိရပါသည်။
ပညာရေးလောကတွင် ခြွင်းချက်အနေနှင့် ငါးဘာသာဂုဏ်ထူးရှင်များ ရှိနေသော်လည်း လက်ချိုး ရည်တွက်နိုင်သော အနေအထားတွင်သာရှိသည်။ ၎င်းတို့၏ အောင်မြင်မှုနောက်ကွယ်တွင် ငွေကြေး နှင့်ရင်း၍ ဝိုင်း၊ ကျူရှင်ပံ့ပိုးကူညီမှုများကြောင့် အောင်မြင်သူများသာများသည်။ စာသင်ကျောင်းတို့၏ သင်ကြားပို့ချမှုကြောင့် အလုံးစုံအောင်မြင်ကြသော ကျောင်းသားများကား မရှိသလောက်ရှားပါး၏။
မိမိတင်ပြလိုသည်မှာ မိဘပြည်သူများ တတ်စွမ်းသရွေ့ ကျောင်းထားပေးသောကာလပိုင်းတွင် ကျောင်းဆရာ၊ ဆရာမများမှ စနစ်တကျ စေတနာထားပြီး သင်ကြားပို့ချခြင်းဖြင့် အရည်အတွက်မှ အရည်အချင်းရှိသော ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာစေရန် ရည်ရွယ်ပါသည်။ တိုင်းပြည် ၏ စနစ်သစ်ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသော ပြည်သူ့လွှတ်တော်တို့မှလည်း တိုင်းပြည်၏ အနာဂတ်အတွက် ပညာရေးလမ်းကြောင်းကို အောက်ခြေမှစ၍ ထဲထဲဝင်ဝင်လေ့လာပြုပြင်နိုင်ပါရန် တိုင်းပြည်ကို အမှန်တိုးတက်စေချင်သော တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် ရေးသားတင်ပြလိုက်ပါသည်။
 Written by မြမာလာကိုဝင်းစိုး
မီဒီယာဝမ်း သတင်းနှင့်ကဏ္ဍစုံဂျာနယ်
မောက္ခပညာရေး မဂ္ဂဇင်း
http://feeds.feedburner.com/thithtoolwin/yIWV
ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆုချီးမြှင့်ပွဲမှာ နိုင်ငံတော်ရဲ့ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့သူတွေကို ဆု အမျိုးအစားပေါင်း ၁၄ မျိုးကို ချီးမြှင့်ပေးခဲ့ပါတယ်။ ဒါဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲကို ပဋိပက္ခတွေမှာ မသုံးဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးပြုကြဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က အဲ့ဒီနေ့က အခမ်းအနားမှာ မိန့်ခွန်းထဲမှာ တိုက်တွန်းပြောကြားသွားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ဆက်ပေးမှာဖြစ်ပါတယ်။
နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆု ချီးမြှင့်ပွဲမှာတော့ ဆုအမျိုးပေါင်း ၁၄ မျိုးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦးကို နိုင်ငံစွမ်းဆောင် ရည်ဆုတွေဆိုပြီး ချီးမြှင့်သွားခဲ့တာပါ။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ အားကစား စတဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်သူတွေ တိုင်းပြည်အတွက် ထူးထူးခြားခြား ဆောင်ရွက်ခဲ့သူတွေကို ရွေးချယ်ပေးအပ်ခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ယှဉ်ရင် အဘက်ဘက်က နောက်ကျ
နေပေမဲ့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ အချိန်မနှောင်းသေးဘူးလို့ သမ္မတဦးသိန်းစိန်က ဆုချီးမြှင့်ပွဲမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ နိုင်ငံဟာ အဘက်ဘက်မှာ အများကြီး နောက်ကျကျန်နေပါတယ်။ သို့သော်လည်းပဲ အချိန်မနှောင်းသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းဖို့၊ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ ကျနော်တို့ကိုယ်တိုင် စည်းစည်းလုံးလုံး ကြိုးစားပြီးတော့ လုပ်ကြရမှာဖြစ်ပါတယ်။ ဒါမှလည်း တခြားနိုင်ငံတွေလို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေကို ပဋိပက္ခဖြစ်မယ့်နေရာတွေမှာ မသုံးဘဲ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမယ်ဆိုရင် ကျနော်တို့ အများကြီး တိုးတက်မှာဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို အမြန် ဆောင်ရွက်ကြဖို့နဲ့ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။"
အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်အဖြစ် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးချစ်ခင်ကတော့ အခုလို ဆုရရှိလို့ ၀မ်းမြောက်မိတယ် လို့ ပြောပါတယ်။
"နိုင်ငံတော်က ချီးမြှင့်တဲ့ဆုကို ရရှိတော့ အင်မတန်မှ ၀မ်းသာပါတယ်။ သမ္မတကြီး ချီးမြှင့်တဲ့ဆုကို ရရှိတာ။ ဒါပေမဲ့ ကျနော်တို့မှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် နောက်ထပ် ထပ်ပြီးတော့ အများကြီး ကြိုးစားဖို့ရှိပါတယ်။"
နိုင်ငံကို အခွန်ဘဏ္ဍာ အများဆုံး ထမ်းဆောင်ခဲ့သူအဖြစ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ကတော့ သူ့အနေနဲ့ နိုင်ငံတကာ စီးပွားရေး ဈေးကွက်မှာ ၀င်ရာက်လုပ်ကိုင်နိုင်ဖို့အပြင် မြန်မာလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်သစ် ဖန်တီးရေးတို့အတွက်လည်း ကြိုးပမ်းသွားမယ်လို့ ပြောသွားပါတယ်။
"မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိပြီးတော့ ဘဏ္ဍာအခွန်ငွေတွေကိုလည်း ကျနော်တို့ ဆောင်မယ်။ နောက်ပြီးရင်လည်း နိုင်ငံတကာ စီးပွားရေးဈေးကွက်မှာ ၀င်ပြီးတော့ လုပ်ကိုင်နိုင်ဖို့၊ ကိုယ့်လူတွေအတွက် အလုပ်အကိုင် အခွင့်အလန်း ဖန်တီးဖို့အတွက်ရယ် အဲ့ဒါတွေအတွက်လည်း ကျနော်တို့ ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေ နေရာတိုင်းကို တတ်နိုင်သမျှ ကျနော် ဖြည့်ဆည်းပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက် တတ်နိုင်တဲ့သမျှ အသက်ရှင်သေးသ၍ ကြိုးစားဆောင်ရွက်သွားမှာပါ။"
အရင်တုန်းကတော့ ဒီလိုဆုမျိုးတွေကို လွတ်လပ်ရေးနေ့မှာ လူမှုထူးချွန်ဆု၊ စီးပွားရေး ထူးချွန်ဆုလိုမျိုး ပေးအပ်လေ့ရှိပေမဲ့၊ ဒီတခေါက်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့
နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်တာကတော့ ပထမဆုံးအကြိမ်လို့ ပြောရမှာပါ။
ကိုသားညွန့်ဦး (ဗွီအိုအေ)
http://feeds.feedburner.com/thithtoolwin/yIWV
Ricin အဆိပ်ပါ စာပို့သူ တရားရုံးထုတ်မည်
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အထက်လွှတ်တော် အမတ် တဦးတို့ဆီကို အဆိပ်ပါတဲ့စာတွေ ပေးပို့မှုနဲ့ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသားကို တနင်္လာနေ့က ပြည်နယ်တရားရုံးတခုမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ အယ်ဗာရက် ဒက်ရှ်ကာ (Everett Dutschke) ဟာ စာတွေထဲမှာ ricin အဆိပ်ပါတဲ့ ဇီဝဗေဒ လက်နက် အသုံးပြုမှုနဲ့ စွပ်စွဲခံထားရတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Everett Dutschke
http://feeds.feedburner.com/thithtoolwin/yIWV
ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့ရေး ဆွေးနွေး
နောင်လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့မှုတွေ ပေါ်ထွက်လာနိုင်အောင် သမ္မတဆီတင်ပြဖို့ စီစဉ်ထားတယ်လို့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားကလေးများ ပညာသင်ထောက်ပံ့ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုစီစဉ်တဲ့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာစိုးနောင်က အဲသလို ပြောကြားခဲ့တာပါ။
"ကလေးတွေကို မြေတောင်မြှောက်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ဘဝကို ဂရုစိုက်ပေးခြင်းအားဖြင့် လာမယ့် ၂ဝ၁၄၊ ၂ဝ၁၅ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလုပ်ငန်းကိုလုပ်နိုင်အောင် ကြိုးစားပြီးတော့ အကောင်အထည်ဖော်နိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံဟာ လာမယ့် ၁ဝ နှစ်၊ ၁၅ နှစ်အတွင်းမှာ ဆင်းရဲမွဲတေမှုတွေလည်း လျော့ကျသွားမယ်၊ မှုခင်းတွေလည်းလျော့ကျသွားမယ်၊ ပိုပြီးတော့ အေးချမ်းသာယာဝပြောတဲ့ တိုင်းပြည်ဖြစ်လာမယ်"
ဆင်းရဲနွမ်းပါးသူ မိဘတွေရဲ့ သားသမီးတွေ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းထဲက ဆင်းရဲသားလူတန်းစားတွေ အများစုနေထိုင်ကြတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေက ဆရာ၊ ဆရာမတွေ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
RFA Burmese
http://feeds.feedburner.com/thithtoolwin/yIWV
Wednesday, May 22, 2013
ဂျပန် ၏ မြန်မာ့ လားရာ
သတင်းလေးများဆုံဆည်းရာ
45 minutes ago · 
လာခြင်းကောင်းသော ဂျပန်
..............................
(ေဇယ်သူ )
သုံးဆယ့်ခြောက်နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဂျပန် ဝန်ကြီးချုပ် လာရောက်လည်ပတ်ခြင်း နှင့်အတူ မြန်မာနိုင်ငံတွင်းသို့ ဂျပန်သည် တစ်ကျော့ပြန် ဝင်ရောက်ခဲ့ပြီဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း လွန်ခဲ့သော နှစ် ၇၀ ခန့်က မြန်မာနိုင်ငံသို့ ရဲဘော်သုံးကျိပ်နှင့်အတူ ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သမိုင်းအလှည့် အပြောင်းကို ဖြစ်စေခဲ့စဉ်က ဂျပန်သည် ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း ဖြစ်သည်။ ယခုအကြိမ်သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် ဂျပန် ဝင်ရောက်ခြင်းဟု ဆိုရလောက်အောင်ပင် ဝင်ရောက်မှုသည် အသွင်သဏ္ဌာန် အရရော အနှစ်သာရအရပါ ထူးခြားသည်။
မြန်မာနိုင်ငံတည်ရှိသော အရှေ့တောင်အာရှဒေသနှင့် ဂျပန်သည် သမိုင်းကြောင်းအရ နည်းမျိုးစုံဖြင့် ဆက်စပ်နေသည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်သည် အရှေ့တောင်အာရှနိုင်ငံများကို ဝင်ရောက်သိမ်းပိုက်ခဲ့ သော ကျူးကျော်သူဖြစ်သည်။ စစ်အပြီး ဂျပန် ပြန်လည်ထောင်မတ်လာသည့် အခါ အရှေ့တောင်အာရှ ဒေသသို့ ပုံစံတစ်မျိုးဖြင့် ပြန်လည်ဝင်ရောက် လာခဲ့သည်။ ဖွံ့ဖြိုးရေးအကူအညီများ ရက်ရက်ရောရောပေးသည်။ အရှေ့တောင် အာရှနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ ကုန်ပစ္စည်း ဝယ်ယူခြင်း စသော စီးပွားရေးဆက်ဆံမှု တိုးမြှင့်ခဲ့သည်။ အောင်မြင်သော အရှေ့တောင်အာရှ နိုင်ငံများ ခုန်ပျံတိုးတက်ရာတွင် ဂျပန်၏ အခန်းကဏ္ဍသည် များစွာအရေးပါခဲ့သည်။ ဂျပန်က ရှေ့ကဦးဆောင်ပြီး နောက်မှ စင်ကာပူ၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ နောက်တွင် အရှေ့တောင်အာရှ ထိပ်တန်းများ ဖြစ်သည့် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့က လိုက်သည့် "ငန်းတို့ အုပ်ဖွဲ့ပျံသန်းခြင်း" ပုံစံ (Flying Geese Pattern) သည် အာရှဖွံ့ဖြိုးရေး၊ အရှေ့တောင်အာရှဖွံ့ ဖြိုးရေးပုံစံအဖြစ် လူပြောများလာသည်။ ယခုအခါ အရိုင်းအတိုင်း ကျန်နေသေးသည့် "နောက်ဆုံးနယ်ပယ်" Last Frontier မြန်မာကို ဂျပန်တို့ အာရုံစိုက်လာသောကြောင့် ထိုငန်းအုပ်ထဲတွင် တစ်ကောင်သောငန်း အဖြစ် မြန်မာ ပါဝင်လာနိုင်ခြေရှိသည်။
အာရှဒေသတွင်းတွင် တရုတ်၏ သြဇာစက်ဝန်း ကျယ်ပြန့်လာခြင်းနှင့် ဂျပန် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ခြင်းတို့ တိုက်ဆိုင်နေသည်ကို တွေ့ရသည်။ ယခင်ကဆိုလျှင် တရုတ်နှင့် အငြင်းပွားမှု ဖြစ်တိုင်း တိတ်တိတ် ဆိတ်ဆိတ်သာ ရှင်းလေ့ရှိသည့် ဂျပန်သည် ယခုနောက်ဆုံးတစ်ကြိမ် တရုတ်နှင့် အငြင်းပွားရာတွင် ခပ်မာမာတုံ့ပြန်ခဲ့သည်။ အရှေ့အာရှဒေသတွင် တရုတ်၏ အခန်းကဏ္ဍ ကြီးမားလာသည်ကို ဂျပန်သည် စိုးရိမ်နေပုံရပြီး အရှေ့အာရှတွင် ယခင်ကထက် ထင်ထင်ပေါ်ပေါ် ပိုမိုလှုပ်ရှားလာသည်။ မဟာမိတ် အမေရိကန်ပြည်ထောင်စု ကို ယခင်က အားကိုးခဲ့သော်လည်း ကိုယ့်လမ်းကိုယ် လျှောက်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရ တော့မည်ဟု ဂျပန် နောက်ဆုံး သဘောပေါက်လာပုံ ရသည်။ အရှေ့တောင်အာရှဒေသသည် ဂျပန်၏ နောက်ဖေးခြံဝင်းဟု သတ်မှတ်ထားသောကြောင့် ထိုဒေသကို ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာသည် တရုတ်နှင့် အိမ်နီးချင်း ဖြစ်ပြီး တရုတ်သို့ ဝင်လမ်းထွက်လမ်း အချက်အချာနေရာတွင် တည်ရှိသည်။
အမေရိကန်ပြည်ထောင်စုနှင့် အထူးရင်းနှီးသော ညီလေး၊ အစ်ကိုကြီး ဆက်ဆံရေးမျိုး ရှိသောကြောင့် အာရှမှ ဖြစ်သော်လည်း ဂျပန်ကို အမေရိကန် အုပ်စုဝင်၊ အနောက်အုပ်စုဝင်အဖြစ် သတ်မှတ်တတ်ကြသည့်တိုင် ဂျပန်နိုင်ငံ သည် အာရှနိုင်ငံများနှင့် ဆက်ဆံရာတွင် အမေရိကန်ပြည်ထောင်စု နှင့်မတူ ကွဲလွဲကျင့်သုံးသော နိုင်ငံခြားရေး မူဝါဒများကို မြင်ရသည်။ ဥပမာ-မြန်မာနိုင်ငံ ကို အမေရိကန်အပါအဝင် အနောက်အင်အားကြီး နိုင်ငံများက အရေးယူပိတ်ဆို့ ထားချိန်အတွင်း ဂျပန်သည် အရေးယူပိတ်ဆို့ခြင်း မရှိခဲ့။ အကူအညီများ လျှော့ချ ဖြတ်တောက်ခဲ့သော်လည်း အချို့အကူအညီများကိုမူ ဆက်လက် ပေးခဲ့သည်။
ဒုတိယကမ္ဘာစစ်နှင့် စစ်အတွင်းတွင် ထွက်ပြေးသော ဂျပန်တပ်သား များကို မြန်မာမိသားစုများက ကူညီစောင့်ရှောက် ခဲ့ခြင်း၊ စစ်အတွင်း အဖြစ်အပျက်များ အတွက် မြန်မာသည် အခြားအာရှ နိုင်ငံများကဲ့သို့ ဂျပန်နိုင်ငံကို ပြစ်တင်ရှုတ်ချမှု မရှိခဲ့ခြင်းတို့ကြောင့် ဂျပန်တို့သည် မြန်မာနိုင်ငံကို သံယောဇဉ်ရှိကြသည်။ ထို့ပြင် မြန်မာသည် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံ နှင့် စစ်လျော်ကြေး သဘောတူညီချက် အစောဆုံးရခဲ့သည့် အာရှနိုင်ငံ ဖြစ်သည်။ ထိုထိုသောအကြောင်း တို့ကြောင့် မြန်မာသည် ဂျပန်တို့ သဘောကျမည်ဆိုလျှင် ကျလောက်သည့် နိုင်ငံဖြစ်သည်။
မြန်မာသည် ဂျပန်အတွက် အရေးပါသည့်နိုင်ငံ ဖြစ်ကြောင်းကို အဓိက ခေါင်းဆောင်နှစ်ဦး ဖြစ်သည့် သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည် ကိုပါ ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့ခြင်းက ဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည် ဆိုလျှင် ဧပြီလတွင်း ဂျပန်သို့ သွားခဲ့သည့်အတွက် ပူပူနွေးနွေးသာ ရှိသေး သည်။ ထိုသို့ မြန်မာနှင့်ဆက်ဆံရေးကို အဘက်ဘက်မှ တည်ဆောက်နေခြင်း ကိုကြည့်ခြင်းဖြင့် ဂျပန်သည် မြန်မာနိုင်ငံတွင်းသို့ "တစ်နပ်စား"သဘော လာခြင်းမျိုးမဟုတ်ဘဲ ရေရှည်နေရန် ကြံရွယ်ထားမှန်း သိသာသည်။
ဂျပန်နိုင်ငံသည် အခြားနိုင်ငံများထက်စာလျှင် မြန်မာနိုင်ငံအကြောင်း အပ်ကျမပ်ကျသိသော နိုင်ငံဖြစ်သည်။ အစိုးရချင်း ခပ်ခွာခွာ ဖြစ်ခဲ့သော်လည်း ဂျပန်အဖွဲ့ အစည်းများသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေခဲ့သည်။ ဂျပန်သုတေသန ပညာရှင်များတွင် မြန်မာနိုင်ငံ အကြောင်း စိုက်လိုက်မတ်တတ် သုတေသန ပြုခဲ့သူများ ရှိနေပြီး ထိုသူတို့သည် ခါတော်မီ မြန်မာကျွမ်းကျင်သူများ မဟုတ်ကြဘဲ မြန်မာနိုင်ငံအကြောင်း တကယ်သိသည့် ကျွမ်းကျင်သူ စစ်စစ်များ ဖြစ်ကြသည်။ မြန်မာ့ယဉ်ကျေးမှု နှင့် ဂျပန်ယဉ်ကျေးမှု သည်လည်း နီးစပ်သောကြောင့် ဂျပန်တို့သည် မြန်မာနိုင်ငံတွင် အခက်အခဲ တစ်စုံတစ်ရာမရှိ ဝင်ဆံ့သူများ ဖြစ်ကြသည်။
ဂျပန်သည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကဏ္ဍများစွာတွင် ပါဝင် ပတ်သက်နေသည်။ ဂျပန်အစိုးရ၊ ဂျပန် NGO များ၊ အစိုးရတစ်ပိုင်း အဖွဲ့အစည်းများ၊ ဂျပန်ကုမ္ပဏီများ၊ ဂျပန်ပညာရှင် များသည် နယ်ပယ် အသီးသီးတွင် ပါဝင်ပတ်သက်နေကြသည်။ စီးပွားရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ မြို့ပြဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေး စသော နယ်ပယ်စုံတွင် ဂျပန်တို့ ငွေရေးကြေးရေး ထောက်ပံ့သလို ကိုယ်တိုင်ကိုယ်ကျလည်း ပါဝင်ကူညီ နေကြသည်။
မြန်မာနိုင်ငံ တင်ရှိနေသည့် ကြွေးမြီများကို ပထမဆုံး များများစားစား လျှော်ပေးခဲ့သည်မှာ ဂျပန်။ ဂျပန်သည် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံကို ရက်ရက်ရောရော လျှော်ပေးခဲ့သည့်အတွက် မြန်မာတို့ပခုံးထက်မှ ဝန်ထုပ် ဝန်ပိုးကြီး ပျောက်သွားခဲ့သည်။ ဂျပန်သည် ဒေါ်လာသန်း ၅၀၀ ခန့်ကိုလည်း ချေးငွေအဖြစ် ထုတ်ပေးခဲ့သည်။ ဂျပန်က ကမကထပြုမည့် သီလဝါ အထူး စီးပွားရေးဇုန်သည် မြန်မာ-ဂျပန် ဆက်ဆံရေး၏ ဗဟိုဖြစ်လာသည်။ ထားဝယ် အထူးစီးပွားရေးဇုန် တွင်လည်း ထိုင်းရော မြန်မာကပါ ဂျပန်ကို ပါဝင်စေလိုပြီး ဂျပန်ကလည်း အထူး စိတ်ဝင်စားနေသည်။
ဂျပန်ကုမ္ပဏီများ ဝင်ရောက်ရင်းနှီးမြှုပ်နှံ၊ ကုန်ပစ္စည်း ထုတ်လုပ်သည် နှင့်အမျှ မြန်မာနိုင်ငံသည် ဂျပန်ကုန်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်သော နိုင်ငံအဖြစ် နာမည် တည်ဆောက်နိုင်လာမည်။ စက်မှုနည်းပညာ၊ စီမံခန့်ခွဲမှု ပညာတို့ကို လွှဲပြောင်းရယူနိုင်မည် ဖြစ်သောကြောင့် နောင်တစ်ချိန်တွင် ကိုယ့်ကုန်ပစ္စည်းကို ကိုယ့်တံဆိပ်ဖြင့် ထုတ်လုပ်နိုင်လာပြီး ကမ္ဘာ့ဈေးကွက်သို့ ဝင်တိုးနိုင်မည်။
မြန်မာ့ပြုပြင် ပြောင်းလဲရေးများ ဆောင်ရွက်နေချိန်တွင် ကမ္ဘာ့ စီးပွားရေးအင်အားကြီး ဂျပန်နိုင်ငံက မြန်မာကို ချဉ်းကပ်လာခြင်းသည် မင်္ဂလာဖြစ်သည်။
အေးချမ်းမွန် Credit & Copy From > The Voice Weekly < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
Like·Comment
20
Timeline
အန္တရယ် ရှိသော ရေခဲရေ
ကျန်းမာရေးစာတိုများစုစည်းမှု
ရေခဲရေ သို့မဟုတ် အဆိပ် သောက်နေကြသူများ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူး ပေးလိုက်ရာ တစ်ရှိန်ထိုး မော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။ နေပူထဲမှ ပြန်လာပြီး အိမ်ရောက်သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးအေး တစ်ပုလင်း ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ပြင်ပ ဆေးခန်းတစ်ခုတွင် သွေးချိန်ကြည့်ရာ အပေါ်သွေး 200 mm Hg တက်နေသဖြင့် ဦးနှောက်သွေးကြော ပေါက်နိုင်သောကြောင့် ဆရာဝန်က ဆေးရုံ တက်ခိုင်းလိုက်ရသည်ဟု သိရသည်။
ရာသီဥတု ပူပြင်းသဖြင့် ပြင်ပသို့ လုံးဝမထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို Water Cooler စက်မှယူပြီး တစ်စွက်စွက်နဲ့ သောက်လေ့ရှိသော မိသားစုတစ်စု ရှိသည်။ သူတို့တစ်အိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖု အပြင်လိုက် ထွက်ပြီး နီရဲနေသည်ကို တွေ့ရသည်။ ၂ နှစ် ၃ နှစ် အရွယ်ကလေးများမှာ ရေခဲရေ သောက်ပြီး ခေါင်းတွင် အပူဖုကြီးများ ထွက်ပြီး အချို့အဖုကြီးများမှာ ပြည်တည်ပြီး အနာကဲ့သို့ ဖြစ်နေသည်။ ရေခဲရေကို လေဖြင့် မှုတ်ပေးနေသည့် ပန်ကာ တစ်မျိုး Air Cooler ဝယ်ပြီး အသုံးပြုနေသူများမှာ မျက်နှာများ ရောင်အမ်းခြင်း၊ အရေပြားထူပြီး ယားနာများ ထွက်ခြင်းတို့ ဖြစ်ကြောင်း သတိထားမိလာသဖြင့် လေမှုတ်ပန်ကာထဲသို့ ရေခဲရေမထည့်ဝံ့ကြတော့ဘဲ သာမာန် ရိုးရိုးရေကိုသာ ထည့်သုံးစွဲနေရကြောင်း သုံးစွဲသူ မိတ်ဆွေတစ်ဦးက ပြောပြသဖြင့် သိရလေသည်။
ရေခဲချောင်း ရေခဲထုပ် အစားများသည့် ကလေးများမှာ အပူကန်ခြင်း၊ မျက်နှာနှင့် မျက်ခွံများပေါ်တွင် မိတ်ဖုကြီးများနှင့် အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း၊ အာသီးရောင်ခြင်းများအပြင် အချို့မှာ ရေခဲမသန့်သဖြင့် ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ကြောင်း သိရသည်။ လျှာနှင့် အာခေါင်များတွင် အနာခွက် ချိုင့်ငယ်လေးများ ပေါက်ပြီး အစပ် မစားနိုင်သူများ ဆေးခန်းလာပြသည်ကို တွေ့ရဖူးသည်။ လျှာဘေးမှာ အနာဖုလေး ထွက်လာသောအခါ သွားဖုံး၊ အံသွားတို့နှင့် ပွတ်တိုက်မိပြီး အနာ ဖြစ်လာသည်။ ထိုအနာမှာ အစက်ကလေးမှ ကျယ်ပြန့်သွားသောအခါ ချိုင့်ခွက်ကဲ့သို့ ဖြစ်သည်။အစာနှင့် အချဉ်အစပ်တို့ ထိတွေ့လျှင် မခံနိုင်ဖြစ်သည်။ စိတ်ပင်ပန်းသူ၊ သောကများသူ၊ စာမေးပွဲနီးချိန် ကျောင်းသား၊ ကျောင်းသူများတွင် ဤပါးစပ်နာများ တွေ့ရသဖြင့် ဆရာဝန်ကြီးများက Stress Ulcer ဟု ခေါ်ကြသည်။
တိုင်းရင်းဆေးနှင့် ရိုးရာဆေးပညာ အယူအဆ ရှုထောင့်မှ ကြည့်လျှင် ထိုအနာများသည် အပူကန်အနာများ ဖြစ်သည်။ ဝမ်းထဲမှ အစာအိမ်ထဲမှ အပူများ အထက်သို့ ကန်တက်ပြီး ခံတွင်းနှင့် လျှာအာခေါင်၊ သွားဖုံးတို့တွင် အနာစက်များ ထွက်လာခြင်း ဖြစ်သည်။ မိတ်ဆွေတစ်ဦးက သူ၏ လျှာနှင့်သွားဖုံးတွင် မကြာခဏ အပူကန်နာများ ထွက်ပြီး မစားနိုင်၊ မသောက်နိုင် ဖြစ်ရကြောင်း ပြောသည်။ ထိုသူ၏ အလေ့အကျင့်ကို ကြည့်သောအခါ ထမင်းစားလျှင် ရေခဲရေပုလင်းနှင့် ရေခွက်ကို ဘေးမှာ ချထားသည်။ ထမင်းစားပြီးလျှင် ရေခဲရေနှစ်ခွက်ခန့် အဝသောက်ချသည်။ဤအကျင့်ကြောင့် သူ့လျှာမှာ အပူကန်နာများ မပြတ် ထွက်နေခြင်း ဖြစ်နိုင်သည်။
ထမင်းစားပြီး ရေခဲမုန့် စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ရဖူးသည်။ အချို့ဆိုင်က စားသောက်သူများကို ကုန်ကျငွေ Bill ရှင်းချိန်တွင် အချိုပွဲအဖြစ် ရေခဲမုန့်ခွက်များ လာချပေးသည်။ အချို့အလှူများတွင်လည်း ထမင်းသို့မဟုတ် ဒံပေါက်၊ ကြက်ဆီထမင်း စသည် ကျွေးမွေးဧည့်ခံပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံကြွရောက်ရန် ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့် ကျွေးသည်ကို တွေ့ရဖူးသည်။ ရေခဲမုန့်အပြင် ရေခဲရေပါ, ပါသည့် အလှူများလည်း တွေ့ဖူးသည်။ အီဆိမ့်သော အစာများ တစ်ဝစားပြီးချိန်တွင် ရေခဲမုန့်၊ ရေခဲရေ သောက်ခြင်းမှာ အစာအိမ်မှ မီးဖိုကြီးကို ငြိမ်းပစ်သည်နှင့် အလားသဏ္ဍန် တူလေသည်။ လူ၏ အစာအိမ်တွင် ဝမ်းမီးဟုခေါ်သော အစာချေသည့်မီး ရှိသည်။ ပါစကတေဇောဓာတ် ဟုလည်း ခေါ်ဆိုနိုင်လေသည်။ ထိုဓာတ်အားကောင်းမှ ဝမ်းမီးတောက်မည်။ ဝမ်းမီးတောက်မှသာ အစာကြေမည်။ အစာကြေမှသာ ဝမ်းမှန်မည်။ ဝမ်းမှန်မှသာ အကြောအချဉ်များ ပေါ့ပါးပြီး နေထိုင်ကောင်းမည်။ ကျန်းမာမည်။ ထိုင်းမှိုင်းခြင်း၊ နောက်ကြောတက်ခြင်း၊ ဇက်ထိုးခြင်းတို့မှာ ဝမ်းချုပ်သူများတွင် ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည်။ အစာကြေလျှင် ဝမ်းမှန်လျှင် ညောင်းကိုက်၊ ဇက်ကြောတက် ဝေဒနာများ မဖြစ်နိုင်ပါ။ ထိုကဲ့သို့ အစာကြေကျက်စေရန် တောက်နေသော ဝမ်းမီးကို ရေခဲရေ သောက်ချလိုက်သောအခါ ငြိမ်းလိုက်သည်နှင့် သဏ္ဍာန်တူလေသည်။ မီးပုံကြီးကို ရေနှင့်လောင်းချလိုက်သောအခါ ဝုန်းကနဲ အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပျံ့လွင့်တက်သွားသည်ကို မြင်ကြည့်နိုင်ပေသည်။
ထိုအခိုးအငွေ့များသည် အစာအိမ်မှ အထက်သို့ တက်လျှင် လည်ချောင်း တစ်လျှောက်နှင့် အာခေါင်၊ လျှာ၊ သွားဖုံး စသည်တို့ကို ရောက်မည် ဖြစ်သည်။ စာရေးသူကိုယ်တိုင် နေပူပြင်းပြီး မနေနိုင်၊ မထိုင်နိုင်ဖြစ်အောင် ပူပြင်းသည့် ကာလက ဆေးခန်းမှ အိမ်ပြန်ရောက်သည်လျှင် သမီးများသောက်သည့် ရေခဲရေပုလင်းကို ယူပြီး သောက်မိသည်။ အသိတရား ရှိသော်လည်း ပူလွန်း၍ မနေနိုင်။ အလွန်အရသာ ရှိပါသည်။ ပူပြီး မောနေသည့်အချိန် ရေခဲရေ အေးအေးလေးကို ကိုင်းဖန်ခွက်ကြီး တစ်ခွက် အပြည့်မော့ချလိုက်ရသည့် အရသာမှာ ကောင်းလှသည်။ ထိုကဲ့သို့ တစ်ပါတ်ခန့် ရေခဲရေကို သောက်ပြီးနောက် စာရေးသူ၏ လျှာဘေးတွင် အပူဖုတစ်ခု ထွက်လာသည်။ ထို့နောက် အဖုကြီးလာပြီး အနာဖြစ်လာသည်။ စကားပြောသည့်အခါ သွားနှင့် ပွတ်မိပြီး စကားမပြောနိုင်၊ အစားမစားနိုင်အောင် ဖြစ်ရသည်။ ရေခဲရေ၏ အကျိုးပင် ဖြစ်သည်။ ရေခဲရေသည် အစာအိမ်မှ ဝမ်းမီးအားကို နည်းသွားစေသဖြင့် အစာမကြေသမျှသည် အစာဟောင်းအိမ်မှာ သွားစုပြီး စမျဉ်းဟုခေါ်သော ဝမ်းအမာအကျစ်ခဲများ ဖြစ်ရသည်။ ဝမ်းကိုခက်ခဲစွာ သွားရသည်။ အပူနှင့်အအေးသည် ဆန့်ကျင်ဘက် ဝိရောဓိဖြစ်သည်။ ရှင်းပြနေစရာ မလိုအောင် ထင်ရှားသော ဓာတ်သဘော ဖြစ်သည်။ အစာအိမ်အတွင်းတွင် အပူဓာတ် ရှိသည်။ ထိုအပူသည်ပင် သက်စောင့်ဓာတ် ဖြစ်သည်။ အစာအိမ်မှ အပူသည် အာခံတွင်းသို့ တက်သည်။ အာခံတွင်းတွင် ငုံထားလျှင် ပူနွေးလာသည်။ ဘုရားရှင် လက်ထက်က အဇာတသတ် မင်းသား ငယ်စဉ်က လက်မတွင် ခူနာပေါက်သည်။
အနာ ပြည်ကိုက်သက်သာစေရန် ဖခင် ဗိမ္မိသာရမင်းကြီးက အာခံတွင်းတွင် ငုံထားပေးသည်။ အာငွေ့ကြောင့် အနာပြည် ပေါက်သွားသည်ကို သားနိုးမည်စိုး၍ မျိုချလိုက်သည်။ အာခံတွင်း အငွေ့၏ အစွမ်းကား အနာကိုပင် ပြည်ပေါက်စေသည်။ ဆရာဝန်တို့သည် လူနာ၏ ကိုယ်အပူချိန်ကို ပြဒါးတိုင် ငုံထားခိုင်းပြီး တစ်မိနစ် ကြာသောအခါ မှတ်သားရသည်။ ၉၈.၄ ဒီဂရီဖာရင်ဟိုက် ဆိုလျှင် ပုံမှန်ဖြစ်သည်။ ကိုယ်တွင်းအပူချိန် တက်လာလျှင် အဖျားရှိသည်ဟု သတ်မှတ်သည်။ ပြဒါးချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီ ဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိသော်လည်း ထို့ထက် အပူကြီးလျှင် သတိလစ်ခြင်း၊ တက်ခြင်းအထိ ဖြစ်နိုင်သည်။ ၁၀၇ ဒီဂရီဖာရင်ဟိုက်တွင် အူပေါက်ပြီး အသက်ဆုံးရှုံးနိုင်သည်။ ထိုကဲ့သို့ အပူကြီးနေသူများကို ပြင်ပမှ ရေအေးဖတ် တင်ခြင်း၊ ရေခဲရေဖြင့် ရေပတ်တိုက်ခြင်း ပြုလုပ်၍ ရသော်လည်း ပါးစပ်ထဲသို့ ရေခဲရေ မတိုက်ရပေ။ အစာအိမ်သွေးကြော ပေါက်ခြင်း၊ အူပေါက်ခြင်း၊ သတိလစ်ပြီး တက်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်ခြင်းတို့ ဖြစ်နိုင်သည်။ တလောက အလွန်အပူကြီးချိန်တွင် မိတ်ဆွေ ဆရာဝန်တစ်ဦးက ဘီယာဆိုင် တစ်ဆိုင်သို့ ခေါ်သွားပြီး ဘီယာတိုက်သည်။ အလွန်ပူသည့် အချိန်တွင် ဘီယာသောက်ခြင်းသည် အလွန်ကောင်းသည်ဟု ပြောသည်။
သဲကန္တာရတွင် လမ်းပျောက်နေသူ တစ်ဦးသည် ဘီယာသံဘူးငယ် နှစ်ဘူးဖြင့် အသက် ဆက်ခဲ့ရဖူးသည်ဟု သူစာထဲတွင် ဖတ်ခဲ့ရဖူးကြောင်း ပြောပြသည်။ ပညာရှိ သတိဖြစ်ခဲဟု ပြောရမည်လား၊ သတိမမူ ဂူမမြင်ဟု ပြောရမည်လား။ အပူဒဏ် ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ညနေတိုင်း ဘီယာသွားသောက်ကြပြီး ၃၊ ၄ ရက်အကြာတွင် စာရေးသူတွင် လည်ချောင်းနာပြီး အသံဝင်သွားသည်။ လည်ချောင်းနာသည်မှာ အစာပင် မျိုမချနိုင် ဖြစ်သည်။ သောက်ခါစရက်က ဆီးရွှင်ခဲ့သော ဘီယာသည် နောက်ပိုင်းရက်များတွင် ဆီးပူဆီးအောင့် ဖြစ်လာသည်။ စာရေးသူကို ဘီယာသောက် ခေါ်ခဲ့သူ ဆရာဝန် သူငယ်ချင်းမှာ ခြေထောက် မထောက်နိုင်၊ ယခင်ကရှိသော Gout ရောဂါ ပြန်ထလာပြီး ခြေမဆစ်ကြီး ရောင်လာသဖြင့်၊ ဤကား ဘီယာသောက်ခြင်း၏ အကျိုးပင် ဖြစ်တော့သည်။ နွေထနောင်း၊ ဆောင်းမန်ကျည်း ဟူသော စကားရှိသည်။
ရှေးက ဗမာကြီးများသည် နွေနေပူပြင်းချိန်တွင် ထနောင်းပင် အရိပ်ကောင်းကောင်းတွင် ရေနွေးကြမ်းအိုးနှင့် အညာထန်းလျက်ခဲလေး စားပြီး အပူငြိမ်းခဲ့ကြသည်။ ရေနွေးကြမ်းသည် အဖန်ရည်ဟု ခေါ်ပြီး ဝမ်းထဲကို ရောက်လျှင် အပူကို ငြိမ်းစေသည်။ လေကိုလည်း ကြေစေသည်။ အစာအိမ်နှင့်လည်း သင့်သည်ဟု ဆိုသည်။ ရှေးကလူကြီးများ အဆိုအရ နွေရာသီတွင် ထနောင်းရွက်၊ ထနောင်းဖူး သုပ်စားလျှင် ဝမ်းလျှော၊ ဝမ်းပျက် ကာကွယ်သည်။ အပူငြိမ်းသည်။ ကျောက်၊ ဝက်သက် ရောဂါများပင် ကာကွယ်သည်ဟု ဆိုသည်။ ယခုခေတ်တွင် ရေနွေးကြမ်းဝိုင်း ဓလေ့များသည် ပျောက်ကွယ်သလောက် ဖြစ်နေပြီ။ အလှူများတွင် ရေနွေးကြမ်းအိုးနှင့် ရေသန့်ဘူးများကိုသာ နေရာတိုင်း တွေ့နေရလေပြီ။ လူ၏အသက်သည် ဝမ်းမီး ဖြစ်သည်။ ဝမ်းမီး အားမကောင်းလျှင် ရောဂါအမျိုးမျိုး ရနိုင်သည်။ အစာမကြေရောဂါနှင့် ဆီးချိုရောဂါ၊ ကိုယ်တွင် အဆီတက်သော ရောဂါ၊ ကျောက်ကပ် ရောဂါတို့သည် ရေခဲရေ အသောက်များသူတို့တွင် ဖြစ်ကြောင်း တွေ့ရသည်။ရေခဲရေကို နေ့စဉ် သောက်သုံးသူများသည် ခန္ဓာကိုယ်တွင်းမှ ဝမ်းမီးကို ငြိမ်းနေသူများ ဖြစ်သည်။ မီးငြိမ်းသော မီးဖိုဖြင့် ချက်သော အစာသည် မကြေကျက်နိုင်သည်ကို သတိပြုမိဖို့ လိုသည်။ လွန်ကဲခြင်းသည် မည်သည့်အခါမျှ မကောင်း၊ နောက်ဆက်တွဲ ဆိုးကျိုး ရှိနိုင်သည်။ မြေသောက် ရေအိုးတွင် ထည့်ထားသော ရေအေးသည် သာမန်ရေအေး ဖြစ်သည်။ လူကို ဒုက္ခမပေးနိုင်။ ထိုရေကိုပင် အပူထဲမှ ပြန်လာလျှင် ချက်ခြင်း မသောက်သင့်။ ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများက ဆိုသည်။ရေခဲသေတ္တာထဲမှ ထွက်လာသော ပုလင်းများ၊ Water Cooler မှ ကျလာသော ရေတို့သည် သဘာဝ လွန်ကဲသော ရေပျက် ဖြစ်သည်။ ခန္ဓာကိုယ်မှ လက်ခံနိုင်သော အအေးဓာတ် လွန်ကဲသဖြင့် တုန့်ပြန်ခြင်း၊ လက်မခံဘဲ ကန်ထုတ်ခြင်း၊တွန်းလှန်ခြင်းတို့ကို ခံရမည် ဖြစ်သည်။ ရေခဲရေကို အစဉ်သဖြင့် သောက်နေသူများကို လေ့လာကြည့်သောအခါ ခေတ္တသာ ရေငတ်ပြေပြီး ပြန်ပူလာခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ အာသီးရောင်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊ လျှာအရသာ မတွေ့ခြင်း၊ လည်ချောင်းပူခြင်း၊ နာခြင်း၊ အစာရေမျိုပြွန် ရောင်ခြင်း၊ အစာအိမ် ရောင်ခြင်း၊ အစာမကြေခြင်း၊ ဖျားလျှင် အလွယ်တကူ အူရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းရောဂါ ရခြင်း၊ တစ်ကိုယ်လုံး ညောင်းကိုက်ပြီးနောက် ကြောတက်ခြင်း၊ နုံးခွေခြင်း၊ မျက်စိ အမြင်မကြည်လင်ခြင်း၊ ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်း၊ ဦးခေါင်းနောက်စေ့မှ ခေါင်းကိုက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဦးခေါင်းပူခြင်း၊ ခန္ဓာကိုယ်တွင် ယားနာများထွက်ခြင်း၊ အပူဖုများ ထွက်ခြင်းတို့ကို မလွဲမသွေ ဖြစ်နိုင်လေသည်။
နိဂုံးအားဖြင့် အကြံပြုလိုသည်မှာ-
၁။ မြေအိုး၊ သဘာဝရေအိုးမှ အေးသောရေကိုသာ သောက်ပါ။
၂။ ဖြစ်နိုင်လျှင် ကြိုချက်ထားပြီးသော ရေကို အအေးခံပြီး ရေကျက်အေး သောက်ပါ။
၃။ ရေနွေးကြမ်း သို့မဟုတ် အဖန်ရည်ကို ထမင်းစားပြီးတိုင်း သောက်ပါ။
၎။ နံနက်အိပ်ယာထ ရေမချိုးမီ၊ ညအိပ်ယာဝင်ချိန်တို့တွင် ရေတစ်ခွက် သောက်သော အကျင့်ကို ကျင့်ပါ။
၅။ ရေခဲရေ၊ အလွန်အေးအောင် ပြုလုပ်ထားသော ရေကို ရှောင်ပါ။
၆။ ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ရေခဲရေ တစ်ဆက်တည်း သောက်လျှင် အစာအိမ်ကို ဒုက္ခရောက်စေပါသည်။
၇။ ရေခဲရေကို တစ်စွတ်စွတ် သောက်ခြင်းသည် အဆိပ်သောက်ခြင်းနှင့် တူသဖြင့် ထိုအကျင့်ကို ဖျောက်ပစ်ပါ။
၈။ ရေကြောင့် အသက်ရှည်စေနိုင်သည်။ ရေခဲရေကြောင့် အသက်တိုစေနိုင်သည်ကို အထူးသတိပြုပါ။
easymusic radio
ကြည်လွင်မြင့်(မုဒြာ)
Ref: Shade The Mandalay Hill Source:
yatanarpon
Timeline Photos · 11 hours ago · 
View full size · Report photo
Like·Comment·Share
ကြည့်မြင်တိုင်ရှိ အမှိုက်ပုံးအတွင်းမှ လက်နက်များ ရှာဖွေတွေ့ရှိမှုအား စုံစမ်းရေးကော်မတီဖွဲ့ စစ်ဆေးမည်
ကြည့်မြင်တိုင်မြို့နယ်ရှိ အမှိုက်ပုံးတစ်ခု အတွင်း သေနတ်နှင့်ကျည်ဆန်များ လာရောက် စွန့်ပစ်သွားသူအား ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့မှ စုံစမ်းရေးကော်မတီဖွဲ့၍ အမြန်ဆုံးဖော် ထုတ်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အား ညွှန်ကြားထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
ပွိုင့် ၃၈ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် မျိုးစုံပါဝင်သည့် အိတ်အား မေလ ၂ဝ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်မြို့ တော်စည်ပင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာန၏ မြို့နယ်သန့်ရှင်းရေးတာဝန်ခံ ရုံးမှနေ့စားဝန်ထမ်းဖြစ်သူ မသင်းမြတ်စိုးက ကြည့် မြင်တိုင်ဈေးကြီး အရှေ့ရပ်ကွက်၊ ဗိုလ်သူရလမ်း နှင့်
ပိတောက်ပင်လမ်းထောင့်ရှိ အမှိုက်ပုံးအား သိမ်းဆည်း၍ အမှိုက်ကန်၌သွားရောက်သွန်စဉ် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
''သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးက သူ့ဂျူ တီလဲတော့မယ့်အချိန်မှာ အဲဒီအမှိုက်ပုံးက အမှိုက် တွေ သူ့တွန်းလှည်းထဲထည့်ပြီး ကျောင်းကြီးလမ်းနဲ့ ဗိုလ်သူရလမ်းထောင့်က အမှိုက်ကန်မှာ သွား သွန်တဲ့အချိန်ကျမှ သေနတ်ထည့်ထားတဲ့အိတ် ကို တွေ့ရတာ။ တွေ့တွေ့ချင်း ရုံးကိုယူလာပြီး လာအပ်တဲ့အတွက် ခရိုင်စည်ပင်ရုံးနဲ့ မြို့နယ် ရဲစခန်းကို အကြောင်းကြားပြီး ရဲတွေကို အပ်လိုက် တယ်''ဟု ကြည့်မြင်တိုင်မြို့နယ် သန့်ရှင်းရေးဌာန တာဝန်ခံ ကိုမျိုးမင်းအောင်က ပြောသည်။
ရဲတပ်ဖွဲ့မှအဆိုပါပစ္စတိုသေနတ် တစ်လက် ပါဝင်သည့် ကြွပ်ကြွပ်အိတ်အားရှာဖွေရာ အိတ်အတွင်းမှ နံပါတ် ၁၇၇၃၇၄ နှင့် STAR TRADE MARK စာတန်းပါ ၃၈ ပစ္စတိုအသေး စတီး
ရောင်တစ်လက်၊ ကျည်ဘောက်စတီးရောင်တစ် ခု၊ ၎င်းသေနတ်သုံး ကျည် ၁၃ တောင့်(အဟောင်း)၊ ပစ္စတို ထည့်အိတ်အနက်ရောင် တစ်ခု၊ M-၁၆ ကျည်ကပ်အတိုတစ်ခု(အဟောင်း)၊ M-၁၆ ကျည် ၅ ဒသမ ၅၆ နံပါတ်ပါ ၅၆ တောင့်(အဟောင်း)၊ ၉ မမ ကျည် ၂၂ တောင့်(အဟောင်း)၊ ကာဘိုင် ကျည် ၁၁ တောင့်အဟောင်းတို့အား သိမ်းဆည်း ရမိခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ ပေးပို့အပ်နှံခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ သေနတ်နှင့် ကျည်ဆန်များတွေ့ ရှိသိမ်းဆည်းနိုင်ခဲ့ခြင်းမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယမန် နှစ်က ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံတစ်ခုသို့ ပြည် ပမှပေးပို့သော ကုန်ပစ္စည်းအိတ်များအတွင်း အ လားတူ ပစ္စတိုသေနတ်နှင့် ကျည်ဆန်များပါဝင် လာမှုအား သက်ဆိုင်ရာမှ ရှာဖွေသိမ်းဆည်းနိုင် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရ သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကြည့်မြင်တိုင် သန့်ရှင်းရေးဌာနမှ တာဝန်ခံ ကိုမျိုးမင်းအောင်က နေ့စားစည်ပင်သန့် ရှင်းရေးဝန်ထမ်းများအား အမှိုက်သိမ်းရာ၌ မသင်္ကာစရာပစ္စည်းများ ရှာဖွေ တွေ့ရှိရပါကရုံးသို့ အမြန်ဆုံးလာရောက် အပ်နှံ ရန် ညွှန်ကြားထားသည့်အတွက် မသမာသူများ
လက်ထဲသို့ မရောက်ဘဲ သက်ဆိုင်ရာသို့ အချိန်မီ အပ်နှံနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြောသည်။
Popular Myanmar News Journal
http://feeds.feedburner.com/thithtoolwin/yIWV
ကျွန်းသစ်မှောင်ခိုမှု စစ်ကိုင်းတိုင်း ရဲမှူး ရ.က.ဖ (၃) ဦးသူရသွင်ကိုကို ပါဝင် ပတ်သက်နေ
နိုင်ငံတော်မှ တားမြစ်ထားသော တရားမ၀င် ကျွန်းသစ်ခွဲသား အတုံးရေ (၁၁၅) တုံး ခန့်မှန်း ကုဗတန် ၁၂ တန်ခန့်အား (၁၉.၅.၂၀၁၃)ရက်နေ့ နံနက် (၆း၃၀)တွင် (UD counter) ၁၀ ဘီး ကား ၄ခ/၈၈၈၄ ဖြင့် မုံရွာ မှ မန္တလေး သို့ သယ်ဆောင်လာစဉ် စစ်ကိုင်း မန္တလေး (ရတနာပုံ) တံတား (စစ်ကိုင်း) စစ်ဆေးရေးဂိတ်မှ တာဝန်ကျ ရဲအုပ်နှင့်အဖွဲ့က မသင်္ကာ၍ ၎င်း(UD counter) ၁၀ ဘီး ကား ၄ခ/၈၈၈၄ အား ရှာဖွေစစ်ဆေး ခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။  ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓါတ်ပုံ ။  ။တရားမ၀င် သစ်များ တင်ဆောင်လာသည့် (UD counter) ၁၀ ဘီး ကား ၄ခ/၈၈၈၄
http://feeds.feedburner.com/thithtoolwin/yIWV
တောင်ငူတစ်ခရိုင်လုံးရှိ အမျိုးသမီးများ၏ လက်ဗွေရာများ စစ်ဆေး
တောင်ငူခရိုင် ဖြူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော ခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီး၏ လက်ဗွေရာကို မေလ ၂၀ ရက် နေ့မှ စတင်ကာ တောင်ငူ ခရိုင်အတွင်းရှိ အမျိုးသမီးများ၏ လက်ဗွေရာများနင့် တိုက်ဆိုင် စစ်ဆေးနေကြောင်း တောင်ငူခရိုင် မှုခင်းတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
အမေရိကန်-မြန်မာ ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆို
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်အတွင်းမှာ မြန်မာနဲ့ အမေရိကန်ပြည်ထောင်စု တို့အကြား နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်သဘောတူညီချက် (TIFA)ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အမေရိကန် ကုန်သွယ်ရေးရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီသဘောတူညီချက်ကို  အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဒီမီထရီရော့စ် မာရန်တစ်နဲ့ မြန်မာစီးပွားကူးသန်းဒုဝန်ကြီး ဦးပွင့်စန်းတို့ ၀ါရှင်တန်မှာ မနေ့က လက်မှတ်ရေးထိုးခဲ့ကြတာပါ။
သဘောတူညီချက်အရ နှစ်နိုင်ငံအစိုးရတွေအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ  ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ လမ်းကြောင်းတခု ဖန်တီးသွားမှာ ဖြစ်တယ်လို့ ဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေကို အားပေးဖို့နဲ့ ဆင်းရဲသားတွေအပါအ၀င် မြန်မာပြည်သူတွေ အကျိုးရှိစေမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေကို ပံ့ပိုးပေးဖို့ ပါဝင်ပါတယ်။
ဒါ့ပြင် နှစ်နိုင်ငံစလုံးရဲ့ ဥပဒေတွေနဲ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) က ရေးဆွဲထားတဲ့ အခြေခံအလုပ်သမား အခွင့်အရေးကို လေးစားလိုက်နာဖို့ အသိအမှတ် ပြုတယ်လို့ သဘောတူညီချက်မှာ ပါဝင်ပါတယ်။
ဒီသဘောတူညီချက်အရ အလုပ်သမားအခွင့်အရေးတွေကို ကာကွယ်ပေးရေးကိစ္စအောင်မြင်အောင် အမေရိကန်စိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းလုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။
အမေရိကန်ကိုယ်စားလှယ် မာရန်တစ်က "တိုင်းပြည် ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာတဲ့ အနာဂတ်ဖြစ်ဖို့အတွက် အခြေခံအဖြစ် လမ်းခင်းပေးတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အမေရိကန်က  အားပေးကြောင်းနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ ကုန်သွယ်ရေးဟာ အပြန်အလှန် အထောက်အကူဖြစ်တယ်။ အားကောင်းတဲ့ အဖွဲ့အစည်းတွေ၊ ပွင့်လင်းမြင်သာမှုနဲ့ ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် တရားဥပဒေစိုးမိုးရေးကို ခိုင်ခံ့အောင် ဖန်တီးမှုတွေကိုလည်း  အားပေးတယ်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်ရဲ့ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျော့ပေးလိုက်ပြီး နောက်မှာ နှစ်နိုင်ငံကုန်သွယ်ရေးဟာ တိုးတက်လာတဲ့အကြောင်း ၂၀၁၃ ခုနှစ်  ပထမ ၃ လအတွင်းမှာ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၉၀ ရှိပါတယ်။
ဒီထဲမှာ  အမေရိကန်က မြန်မာဆီကို ၈၉ သန်းဖိုး တင်ပို့ပြီး မြန်မာဆီက ဒေါ်လာ ၁ သန်းဖိုး တင်သွင်းတယ်လို့ အမေရိကန် ကုန်သွယ်ရေးရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
by ဒီဗွီဘီ
သမ္မတ ဦးသိန်းစိန် ၀ါရှင်တန်မြို့ အမေရိကန်ကုန်သည်ကြီးများအသင်းရုံးမှာ ကျင်းပသည့်စားပွဲဝိုင်းဆွေးနွေးပွဲ တက်ရောက်နေစဉ်(မေ ၂၀ ရက် )
http://feeds.feedburner.com/thithtoolwin/yIWV
ပြောင်းပြန် ဖြစ်နေသော ချိတ်ဆက်မှု
မြန်အောင်မြို့ သည် ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတ ခရိုင် (၂၆) မြို့နယ် မှ မြို့တစ်မြို့ အပါအ၀င် အဖြစ်တည်ရှိပြီး ၊ မြို့နယ်အဆင့် နှင့် ညီသော အဂါင်္ရပ်များ နှင့် တည်ရှိသော မြို့တစ်မြို့ ဖြစ်ပါသည်။ မြန်အောင်မြို့ ဆက်သွယ်ရေး နှင့် ပါတ်သက်သော ဆက်သွယ်ရေး စနစ် များလည်း ခေတ် နှင့် အညီ တပ်ဆင်ထားပြီး ဖြစ်ပါသည် ။ သို့သော် မြန်အောင်မြို့ ဆက်သွယ်ရေး ၏ မြောက်များစွာသော ချို့ယွင်းချက်များကြောင့် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မန္တလေးအခြေစိုက် ပုဂ္ဂလိကသတင်းစာတိုက် ပိတ်သိမ်း
မန္တလေးမြို့အခြေစိုက် ထုတ်ဝေဖို့ရှိတဲ့ ပုဂ္ဂလိကနေ့စဉ်သတင်းစာတစောင်ဟာ စမ်းသပ်ထုတ်ဝေနိုင်ခြင်း မရှိသေးခင်မှာ သတင်းစာတိုက် ချိပ်ပိတ်ခံလိုက်ရပါတယ်။ မြန်မာဓိကလို့ အမည်ရတဲ့ ပုဂ္ဂလိကနေ့စဉ်သတင်းစာ ထုတ်ဝေဖို့အတွက် တိုက်ခန်းငှားရမ်းပြီး အွန်လိုင်းသတင်းတင်နေတုန်း အစုရှယ်ယာရှင် ၂ ဦးက မေလ ၁၇ ရက်ညပိုင်းမှာ တိုက်ကို လာရောက် ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြန်မာဓိကသတင်းစာ ဖေ့ဘွတ်စာမျက်နှာ
http://feeds.feedburner.com/thithtoolwin/yIWV
NLD မှ သတင်းပေးများအား အရေးယူသွားမည်
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲ မ၀င်မီကာလ အထိ ပါတီတွင်း၌ အခြားခြား သော အဖွဲ့အစည်း များ၏အသုံး ချခံ သတင်းပေး များရှိခဲ့ပြီး ယခု လက်ရှိ အခြေတွင်လည်း ရှိနေနိုင် သည့်အတွက် ယင်းသို့သော အခြား အဖွဲ့ အစည်းများ၏ အသုံး ချခံအဖြစ် ပါဝင်နေသူ၊ အဖွဲ့ အစည်းတွင်းသတင်းများ အခြား အဖွဲ့အစည်းများသို့ လျှို့ဝှက်စွာ ပေးပို့နေသူများအား ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
တရုတ်-မြန်မာရေနံပိုက်လိုင်း စီမံကိန်း ရပ်ရန် တောင်းဆို
တရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်းကို ရပ်တန့်ဖို့ ရှမ်းလူထုအခြေပြုအဖွဲအစည်းတွေက စုပေါင်းတောင်းဆိုပါတယ်။ ဒီပိုက်လိုင်းဖြတ်သန်းမယ့် ရှမ်းပြည်မြောက်ပိုင်းမှာ တပ်စွဲထားတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့စခန်းကို အစိုးရတပ်က ဒီလဆန်း ၉ ရက်နေ့မှာ ၀င်တိုက်ခိုက်လို့ ရွာသားတွေ ထောင်ချီထွက်ပြေးခဲ့ကြပြီးတဲ့နောက် ဒီတောင်းဆိုချက် ထွက်ပေါ်လာတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ဒုက္ခသည်ကလေးများ ကျောင်းတက်ရန် အခက်ကြုံ
ကျောင်းဖွင့်ရာသီ ရောက်ပေမယ့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မိတ္ထီလာနဲ့ နန့်ခမ်းမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ကျောင်းနေ အရွယ်ကလေးတွေ ဒီစာသင်နှစ်အမီ ကျောင်းတက်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ မူလတန်းကျောင်းသာ ရှိတာကြောင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မိုင်ဂျာယန်ဒုက္ခသည်စခန်းမှ ကလေးငယ်များ
http://feeds.feedburner.com/thithtoolwin/yIWV
ဆိုင်ကယ်ကယ်ရီသမားမှ အမှုန့်ကြိတ် စက်ရုံသွားသည့် မိန်းကလေးအား မုဒိန်း ပြုကျင့်မှုဖြစ်ပွား
ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့ နယ်မှာ  ဆိုင်ကယ် ကယ်ရီသမားမှ အမှုန့်ကြိတ်စ က်ရုံသွားသည့် မိန်းကလေးအား မုဒိန်း ပြုကျင့်မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။  ဖြစ်စဉ်မှာ ၂၀၁၃ မေလ(၁၉)ရက်နေ့ က  မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်၊ စကားဝါလမ်းနေ မ---- သည် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
တပ်မတော်သား ကိုယ်စားလှယ်များအရေး သမ္မတဦးသိန်းစိန် ပြောပိုင်ခွင့်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုမှာ ဒီမိုကရေစီ ရင့်ကျက်လာသည်နှင့် အမျှ တဖြည်းဖြည်း လျော့ပါးသွားမည်ဟု သမ္မတက ဆိုခြင်းအပေါ်
ပြောပိုင်ခွင့် မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သည်။
 မေလ ၁၉ရက်နေ့က ဝါရှင် တန်မြို့ရှိ ဗွီအိုအေ အသံလွှင့်ဌာန ရုံးချုပ်တွင် သမ္မတ ဦးသိန်းစိန်နှင့် နယ်ပယ်စုံမှ ပုဂ္ဂိုလ်များ တွေ့ဆုံခဲ့ စဉ်ဗွီအိုအေ(မြန်မာဌာန)မှ ဦးသန်းလွင် ထွန်းက လွှတ်တော်တွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းနှင့်ပတ်သက်၍ အစိုးရပိုင်း၏ သဘော ထားကိုမေးမြန်းခဲ့ရာ သမ္မတက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''၂၅ ရာခိုင်နှုန်းဆိုတာ လွှတ်တော်ထဲမှာ လောလောဆယ်မှာတော့ ရှိသင့် ရှိထိုက်တယ်။ သို့သော်လည်းပဲ ဒါတွေဟာ လျော့ပါးလာမယ်၊ နည်းပါးလာမယ်၊ဒီလိုပဲမြင်မိပါတယ်''ဟု သမ္မတ က ပြောသည်။
ယင်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က အခြေခံဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော် နှင့်သာဆိုင်သည့်အတွက် လွှတ်တော်ကသာ ဆုံးဖြတ်ပါလိမ့်မည်ဟု ပြောလျှင်ပိုကောင်းမည် ဟု ဆိုသည်။ သို့သော် မြန်မာနိုင်ငံရေးတွင် တပ်မတော်ကို ပစ်ပယ်ထား၍ မရကြောင်း သမ္မတက ပြောကြားခဲ့သလို ဒေါ်အောင်ဆန်း စုကြည်က တပ်မတော်သား သည်လည်း ပြည်သူ ပြည်သားများဖြစ်သည့်အတွက် ဒီမိုကရေစီ တည်ဆောက်ရေးတွင် အရေးပါသည်ဟု ကောက်ချက်ချသည်။
၂၅ ရာခိုင်နှုန်းနှင့်ပတ်သက်၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကမူ တပ်မတော်က ၂၅ ရာခိုင်နှုန်းပါဝင်စေခြင်းသည် တို့တာဝန်အရေးသုံးပါးကိုကာကွယ်စောင့်ရှောက် နိုင်ရန်အတွက်ဖြစ်ကြောင်း၊ ယနေ့အချိန်ထိ တိုင်းရင်းသားညီနောင်များကြား သေချာမည့် ထာဝရငြိမ်းချမ်းရေး မရသေးသည့်အတွက် နိုင်ငံအတွက်
ထိခိုက်ပျက်ပြားနိုင်သည့် အခြေ အနေရှိနေသေးသည်ဟု ပြော၍ရကြောင်းဆို သည်။ ဆက်လက်၍သူရဦးအောင်ကိုက ''တပ်မ တော်သားတွေ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်လို့ အဆင့်ဆင့် လျှော့ချသွားမယ်ဆိုတာ ယခင် အကြီးအကဲတွေပြောတာကိုလည်း မှတ်ထားတာ ရှိပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီရင့်ကျက် ခိုင်မာလာတာနဲ့အမျှ ထာဝရငြိမ်းချမ်းရေး အပြည့်အဝ ရရှိလာတာနဲ့ အမျှ အဆင့်ဆင့် လျှော့ချ သွားမယ်လို့ ... ယုံကြည်ပါတယ်'' ဟု လွှတ်တော်တွင်း တပ်မတော်သား၂၅ရာခိုင်နှုန်း ပါဝင်မှုအပေါ် ၎င်းကပြောသည်။
၂ဝဝ၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသည့်အချက်များစွာ ရှိသည်ဟု ပြည်တွင်းပြည်ပမှ မြန်မာ့အရေး ကျွမ်းကျင်သူ များက ထောက်ပြကြသလို မေလ ၁ဝ ရက်က ရန်ကုန်မြို့၊ မီကာဆာဟိုတယ်၌ကျင်းပသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်ရုံဆွေး နွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေကို အမြန်ဆုံး ပြုပြင် လိုသည်ဟု ပြောဆိုခဲ့သော်ငြား ပြင်ဆင်လို သည့်အချက်များကို ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။
စာရေးဆရာကျော်ဝင်းက တပ်မတော် သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိစ္စမှာ မြန်မာ့ဒီမိုကရေစီရေး၏ အသိမ်မွေ့ဆုံး အခက်ခဲ ဆုံးအပိုင်းဟု ...ဆိုနိုင်လောက်သော စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပြဿနာဖြစ်လေရာ စိတ် လိုက်မာန်ပါ အဆောတလျင် မဆုံးဖြတ် သင့်ဟု ဆိုသည်။
ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေး နှင့်ပတ်သက်၍ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် စသည့် အမှန် တကယ် အဆုံးအဖြတ်ပေးနိုင်မည့် လူ ပုဂ္ဂိုလ်အနည်းငယ်မျှ ညှိနှိုင်း ဆွေးနွေး အဖြေရှာကြသည့် Minilateralism (အနည်းဆုံးညှိလမ်းကြောင်း)ကသာ အ လုပ်ဖြစ်မည်ဟုထင်ကောင်း ဆရာကျော်ဝင်းက ပြောသည်။
ဒီချုပ်က အခြေခံဥပဒေပြင်ဆင် ရေး ကြွေးကြော်သံဖြင့် ကြားဖြတ်ရွေး ကောက်ပွဲဝင်ကာ ၄၃ နေရာရရှိ၍ လွှတ်တော်တွင်းသို့ ရောက်ရှိခဲ့သလို အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက် ၍ တစ်ခွန်းမျှမဟခဲ့သော ပြည်ခိုင်ဖြိုး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က ၂ဝဝ၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များဖွဲ့စည်းဆောင် ရွက်ရေးအဆိုကို မတ်လ ၁၅ ရက်၌ ကျင်းပသော ဆဋ္ဌမအကြိမ်ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိခဲ့ပေ။
နောက်နှစ်ရက်အကြာ ပြည်ထောင် စုလွှတ်တော်၌ ယင်းအဆိုကိုတင်ခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သော် လည်း ယနေ့အထိ ကော်မတီ၊ ကော်မ ရှင်များ မဖွဲ့စည်းရသေးသည့်အတွက် အခြေခံဥပဒေထဲမှ မည်သို့သောအချက် များ တင်မည်ကို မသိရှိရသေးပေ။
အောင်ထက်
Popular Myanmar News Journal
ဒေါ်အောင်ဆန်းစုကြည် နှင့် မီဒီယာတွေ့ဆုံ ပွဲကို နေပြည်တော် လွှတ်တော် အဆောက် အဦ (အိုင် .၁၂ )တွင် ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာ မှ မေးမြန်းသော ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ ကိစ္စ၊ ဥပဒေ ကဲ့သို့ အာဏာတည်သော အမိန့် နှင့်ပတ်သက်မှူ၊ မိထ္ထီလာ အရေးကိစ္စ၊နိုင်ငံတကာဆက်ဆက်ရေးကိစ္စ ၊ပါတီလုပ်ငန်းဆိုင်ရာများ၊လွှတ်တော်အတွင်းလုပ်ဆောင်မှုများ ၊ နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး အခြေနေများကို ပြော ကြားခဲ့သည်။ ဓါတ်ပုံ - Popular Myanmar News Journal
http://feeds.feedburner.com/thithtoolwin/yIWV
ကျောင်းဖွင့်တော့မည် သို့သော် ကလေးတိုင်း ကျောင်းမတက်နိုင်ကြပါ
ဤရက်များ အတွင်း မဟာစင် မုန် တိုင်းကြောင့် လောမသိ။ ရာသီဥတုက မူမမှန်။
 အနောက်တောင်ဆီမှ တစ်လိပ် လိပ်တက်လာနေသည့် တိမ်မည်းများ နှင့်အတူ ညိုမှောင်ရိပ် ဆင်လာပြန်သော မိုးက ရွာရန် မသေချာ သော်လည်း မလှလှဝင်း၏ ရင်ထဲမှာတော့ ပူပန်မှု တိမ်တစ် အုပ်ကတော့ ရွာရန် အသင့် ဖြစ်နေခဲ့ပြီဟု သူ့စကားများအရ သိနိုင် ပါသည်။
 "ကလေးတွေကို ကျောင်းအပ်ပေး ဖို့ ပိုက်ဆံမရှိသေးဘူး။ အငယ်နှစ် ယောက်က မူလတန်းဆိုတော့ ကျောင်း အပ်တာ ပိုက်ဆံမကုန်ဘူး။ အကြီး   ကောင်က ဒီနှစ်ခြောက်တန်းတက်ရ တော့မယ်" ဟု ¤င်းက ပြောရင်း ဖွဲဖွဲ ကျနေသောမိုးကို ငေးနေသည်။ ကျောင်းဝတ်စုံများ ဘယ်နေ့ဝယ်ေ ပးနိုင်မည် မသိသေး။ အမျိုးသားက လက်သမား။ နေ့စဉ်ဝင်ငွေက ငါး ထောင်။ လမ်းစရိတ်နှင့်  အသုံးစရိတ်က  ၁၅ဝဝ လောက်။
 ဒီမိုးတွေ ရွာလာရင် ဆောက်လုပ် ရေးလုပ်ငန်းများက နေ့တိုင်း အလုပ်ရှိ ရန် မလွယ်။ နေ့စဉ်ရနေသော မိသား စုဝင်ငွေကလည်း လျော့ လာေ တာ့မည်။ နှစ်စဉ်ကြုံတွေ့နေကျမို့ ပုံမှန်ဘဝလို အသားကျပြီးသား သားသမီးများ အတန်းကြီးလာသည့်အတွက်ကုန်ကျမှု စရိတ်များ မနှစ်ကထ က်တော့ များလာ မည်ဟု ဤရာသီဆို အမြဲပင်တွေးနေမိ သော အရာများကို မလှလှဝင်းက ဖွင့်ဟသည်။
 "ပိုက်ဆံလိုလာရင်တော့ ငွေတိုး ပေးတဲ့သူဆီက သွားယူရတာပေါ့။ အတိုးက ၂ဝ တိုး၊ ရက် ၂ဝ အတွင်း ပြန်ဆပ်ရပါတယ်။ ငွေလိုတဲ့အချိန်တုန်း က ယူထားတာ။ ဘယ်လောက်အကြွေး တင်နေသလဲ ဆိုတာ မမှတ်မိပါဘူး။ အကြွေးရှင်တွေကတော့ မှတ်ထားမှာ ပေါ့။ ဟိုနားနည်းနည်း ဒီနား နည်းနည်း များလွန်းလို့ မမှတ်မိပါဘူး" ဟု ၄င်းက ပြောသည်။
မလှလှဝင်းတို့ နေထိုင်သော ရပ် ကွက်လေးသည် ဒဂုံဆိပ်ကမ်းမြို့နယ် ၉၃-ရပ်ကွက်၊ ပဲခူးမြစ်ကမ်းနားကို ၅ မိနစ်ခန့် လမ်းလျှောက်ပါက ရောက်နိုင် သည်။ အိမ်များက စုစုဝေးဝေး။ ခြံစည်း ရိုးမရှိ။ ရေလောင်းအိမ်သာ အိမ်တိုင်း မရှိ။ ၇ နှစ်ခန့်ဤကဲ့သို့ နေလာခဲ့၍ ၄င်းတို့ မိသားစုအတွက်က အရာရာပုံ မှန်ဖြစ်စဉ်များသာ။ သို့သော် ကျောင်း ဖွင့်ချိန်ရောက်တိုင်း ကလေးများ အနာ ဂတ်အတွက် မလှလှဝင်းတို့ တွေးရပါ သည်။   မောရပါသ ည်။ ဖြေရှင်းရပါသည်။ ရင်ဆိုင်ရပါသည်။ ယခုကဲ့သို့သော ဖြစ် စဉ်က မလှလှဝင်းအတွက်သာမဟုတ်ဘဲ ကျောင်းနေအရွယ်ကလေးများ ရှိသည့်   ငွေကြေး မပြည့်စုံသော မိဘတိုင်း အတွက် ရင်လေးစရာ။ ငွေကြေးမပြေ လည်မှုက ကျောင်းနေအရွယ် ကလေး များကို စာသင်ခန်းဆီသို့ မပို့ဘဲ ကျောင်း ပြင်ပရောက်အောင် ဆွဲခေါ်သွားမှုက နှစ်စဉ်ဘယ်လောက်ရှိမှန်း သူမသိသော် လည်း သူ့ရပ်ကွက်တွင် အခမဲ့ဆိုသော မူလတန်း ကိုပင် မထားနိုင်သော မိသား စုက အနည်းဆုံး ၂ဝ ခန့်ရှိနေသည်ကို တော့ မလှလှဝင်း သိသည်။
 မြန်မာတစ်နိုင်ငံလုံး၏ ၅ နှစ် အရွယ် မူလတန်းကျောင်းအပ်သည့် နှုန်းမှာ တစ်နိုင်ငံလုံးရှိ ကလေးသူငယ် စုစုပေါင်း ၇၄ ရာခိုင်နှုန်းသာ ရှိကြောင်း ယူနီဆက်ဖ်၊ ကျန်းမာရေးဦးစီးဌာနနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ပူးပေါင်း ထုတ်ပြန်ထားသည့်စစ်တမ်းတွင် ဖော်ပြ နေသည်။ မြို့ပြတွင် ၇၇ ဒသမ ၄ ရာ ခိုင်နှုန်းနှင့် ကျေးလက်တွင် ၇၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိပြီး အဓိကအကြောင်း ရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဟု ဆို သည်။
 "တခြားတစ်ဖက်မှာ ငွေကြေး တတ်နိုင်သူ မိဘအသိုင်းအဝိုင်းတွေက ပညာရေးအတွက် အကုန်အကျခံနိုင်၊ ဂရုစိုက်အရေးထားနိုင်ပေမယ့် မြို့ နေ ဆင်းရဲသားတွေနဲ့ ကျေးလက် တော ရွာနေ ကလေးသူငယ်တွေက မူလတန်း ကျောင်းကိုတောင် မသိကြရှာဘူး။ မြန် မာနိုင်ငံရဲ့ ကျောင်းနေအရွယ် ကလေး ဦးရေ ငါးသန်းထဲက တစ်ဝက်သာ မူ လတန်းပညာရေးကို ပြီးပြည့်စုံအောင် တက်နိုင်နေတယ်" ဟု သြစတြေးလျနိုင် ငံခြားရေးဝန်ကြီးက ဗြိတိန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့ မှ မြန်မာနိုင်ငံအား အခြေခံပညာမူလတန်း ပြီးဆုံးအောင် မြင်ရေး ပူးပေါင်းဆောင်ရွက်မည့်   နှစ် နိုင်ငံသေ ဘာတူညီမှု ထုတ်ပြန်ချက်အ ပြီး ၂ဝ၁၃ ဇန်နဝါရီ ၃၁ ရက်နေ့တွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
 ပဲခူးမြို့ ၁၉-ရပ်ကွက် မြို့ရှောင် လမ်းဘေး နေထိုင်သည့် အသက် ၄၂ နှစ်အရွယ် ဒေါ်စန်းကြည်ကလည်း ယောက်ျား ဆုံးသွားခဲ့ပြီး ကျန်ရှိ ကလေး သုံးယောက်၏ မကြာမီ ကျောင်းအပ်ရ မည့် အပေါ်သောကပွားနေရကြောင်း ပြောသည်။ "အလုပ်အကိုင်က ရေစည် လှည်းတွန်း ပဲပြုတ်ရောင်း၊ ဒီလုပ်ငန်းနဲ့ ကလေးတွေကို ကျောင်းထားရတယ်။ ကလေးတွေ ကျောင်းအပ်ဖို့ မပြောနဲ့ ကိုယ်နေမယ့်နေရာတောင် လေဆိပ်စီမံ ကိန်းကြောင့်   နေရာပြောင်းလို့ ဘယ်မှာ နေရမှန်းမသိပါဘူး။ လက်ထဲပိုက်ဆံရှိ ရင် ကလေးတွေကို ကျောင်းအပ်ပြီး လို တာဝယ်မယ်လို့ စိတ်ကူးထားတယ်" ဟု ညည်းပြော ပြောသည်။။ ကလေးက လည်း ၄ တန်းနဲ့ ၈ တန်းဆို တော့ အကြီးကောင် အင်္ကျီအငယ်ကောင် ဝတ်မရဘူး။ ခက်နေတာက ဒီ နှစ်မှာ ကလေးတွေကို ကျောင်းအပ်ဖို့ ဖိနပ်က အစ ထီးအထိအသစ်ဝယ်ပေးရမှာ။ နေဖို့နေရာလေး သေသေချာချာ သိ သွားရင်တော့ ကလေးတွေအတွက် အတိုးနဲ့ယူပြီး လုပ်ပေးမှာပါ။ ဒီနှစ်က ကျန်းမာရေးလည်း မကောင်းတော့ အရင်လို အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့ဘူး" ဟု ထမင်းအိုးတည် နေရင်းမှ သူက စိတ်ပျက်လက်ပျက်နဲ့ ပြောသည်။ သူ့စကားက မဆုံးသေး။ မျိုသိပ်ထားရခြင်းကြောင့် ပို၍ရင်မော နေရမှုကို ယခုမှ ဖွင့်ထုတ်ခွင့် ရဟန်တူ သည်။ "သမီးကြီး ကျောင်းကလည်း ကားခကို တစ်ရက် တစ်ထောင်လောက် နီးပါးရှိတယ်။ ဒါတောင် သမီးကြီးက
ကျောင်းပြန်လာရင် ကျွန်မနဲ့အတူ ရေ စည်လှည်း လိုက်တွန်းပေးလို့ စား သောက်လို့ အဆင်ပြေနေတာ နောက် ဆို မိုးရွာတော့မယ်ဆိုေ တာ့ ရေစ ည်း လှည်းတွန်းတဲ့အလုပ်လည်း နားရတော့ မယ်။ ပဲပြုတ်အလုပ်တစ်ခုနဲ့ပဲ စားတာ အဆင်မပြေနိုင်ဘူး" ဟု ရှည်ရှည်လျား လျား သူဆက်ပြော လိုက်သည်။
ဤသို့ဖြင့် ပညာရေးလမ်း ပျောက် နေသော ကလေးများ၏ အနာဂတ်ဆို သည်က မရေမရာ။  ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပထမ အကြိမ် လွှတ်တော်ခေါ်ယူခြင်းမှ အစပြုကာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ စတင် အသက်ဝင်လာခဲ့သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများအရ မျက်မှောက် အခြေ အနေနှင့် ဝိရောဓိဖြစ်ဖွယ် များလည်း ရှိနေဆဲ။  သေချာသည်က ဆင်းရဲနွမ်း ပါးခြင်း၏ ဘေးထွက် ဆိုး ကျိုးများက တော့ စိန်ခေါ်နေပြီဖြစ်သည်။
ပညာရေးအတွက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူ ဥပဒေပုဒ်မ ၂၈ အပုဒ်ခွဲ (ဂ) အရ နိုင်ငံတော်သည် အခ မဲ့ မသင်မနေရမူလတန်းပညာရေးစနစ် ဖော်ဆောင်မည်ဟု ဆိုသည့်အတိုင်း အစိုးရမှ ယခုစာသင်နှစ် ကျောင်းဖွင့် ရာသီတွင် အခြေခံပညာ မူလတ န်း ကျောင်းများ၌ အခမဲ့ ကျောင်းအပ်နိုင် ကြောင်း ကြေညာထားသော ဆိုင်းဘုတ် များအားကျောင်းများ အားလုံးလိုလိုတွင် တွေ့မြင်နေရသည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ အခမဲ့မသင် မနေရ မူလတန်း ပညာရေးစနစ်ကို စတင် အကောင်အထည် ဖော်ခဲ့သည်။ ထိုသို့ ပြဋ္ဌာန်းခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူ ၅ သန်းကျော်  အတွက် ကျောင်းဖတ်စာ စာအုပ်ဖိုး ငွေ ကျပ် ၅ ဒသမ ၁၅ သန်း။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ပညာသင်နှစ်တွင် ၁၈၃၅ ဒသမ ၅ သန်း ကျပ် ထောက်ပံ့ပေးခဲ့ ပြီး ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ် တွင်လည်း မူလတန်းကျောင်းသားတစ် ဦးလျှင် ကျောင်း ဖတ်စာအုပ်များ၊ ဗလာ စာအုပ်တစ်ဒါဇင်နှင့် ငွေကျပ် တစ် ထောင်ကို ထောက်ပံ့ပေးရန် စီစဉ်နေ ကြောင်း သတင်းထုတ်ပြန် ထားသည်။
   ပြည်သူ့လွှတ်တော် ပညာရေးမြှင့် တင်မှု ကော်မတီအတွင်းရေးမှူး ဒေါက် တာမြဦးက "အခု ဆောင်ရွက်နေတာ မျိုး အရဆိုရင် ကျောင်းနေအရွယ် ကလေးတိုင်း မူလတန်းပညာကို သင် ကြားနိုင်ဦးမယ်မထင်ဘူး။ ဥပဒေအရ သီးသန့်ချမှတ်မှ ရတော့မယ်။ မဟုတ် ရင် ကျောင်းနေအရွယ်ကလေး တိုင်း မူလတန်းပညာ သင်ကြားရမယ်ဆိုတဲ့ အစိုးရရဲ့ ရည်မှန်းချက်ဟာ ပြည့်မှာ မဟုတ်ဘူး" ဟု ပြောသည်။
    ဥပဒေအရ ဆိုပါလျှင် ကလေးတိုင်း ပညာသင်ကြား နိုင်မည်ဖြစ်ပြီး ကျောင်း မထားနိုင်သော မိဘ များကိုလည်း အစိုးရမှ ကျောင်းထားနိုင်ေ အာင် ထောက်ပံ့မှု ရှိလာ မည်ဟု ဒေါက်တာမြ ဦးက ဥပဒေရှိလာမည့် နောက်ပိုင်း အနာဂတ်အကျိုး ဆက်ကို ရှင်းပြသည်။ အစိုးရ အဆက်ဆက်ပ ညာရေးအပေါ် ချပေးသည့် အသုံးစရိတ်သည် ဝန်ကြီးဌာနများ အားလုံးနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးတွင် သာရှိခဲ့သည်။ သို့သော် မြန်မာပြည်၏ ပညာရေး သမိုင်းကြောင်း အရ တစ်ချိန်ကဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ နိုင်ငံခေါင်းဆောင်အပြင်ဦးသန့်ကဲ့သို့ ကမ္ဘာသိ ပုဂ္ဂိုလ်များကို မြန်မာ ပြည်ပ ညာရေးမှ မွေးထုတ်ခဲ့မှုမှာ အထင်အရှားပင် ဖြစ်သည်။ သို့ သော် မြန်မာပညာရေးအား နိမ့်ဆင်းသွားသည်ဟု စွပ်စွဲသံ များက ညံနေသည်မှာလည်း ကြာမြင့်ခဲ့ပြီ။ လက်ရှိ အစိုးရ တာဝန်ရှိသူများကိုယ်တိုင် မြန်မာပညာရေးမှာ အမှန် တကယ် နိမ့်ဆင်းနေ ကြောင်း ထုတ်ဖော်ဝန်ခံ ကြသည်။ အခြေခံကျ သည့် မူလတန်းအဆင့် တွင် ဖြေရှင်းရမည့်ပြဿနာ က အစိုးရအဆက်ဆက် အတွက်တော့ မဖြစ်မနေ ရင်ဆိုင်ရမည့် အခြေအ နေတ စ်ရပ်ပင်။ မြန်မာ နိုင်ငံ၏ အခြေခံမူလတန်း အဆင့်တွင် ကျောင်း ထွက်နှုန်း မြင့်မားနေ သည့် အတွက် ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ပညာ သင်နှစ်တွင် ပညာ ရေးဝန်ကြီးဌာနက  "မသင်မနေရ မူလ တန်း ပညာရေး စနစ်" ကို စတင် ကျင့်သုံးခဲ့ရသည် က အထင် အ ရှား။ သို့သော် ပညာရေးဆိုင် ရာထောက်ပံ့ကူ ညီမှုများ နည်း ပါးနေဆဲဖြစ် ရာ ပြည်သူများ ၏ငွေအင်အား နှင့် ရပ်တည် နေ ရသော ကိုယ်ထ ကိုယ်ထ ကျောင်းများနှင့်ဘု န်းတော်ကြီးသင် ပညာရေးကျောင်းထပ်တိုးချဲ့ကာ ဝိုင်းကူခဲ့ရသည်။ ဆင်းရဲခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း ပညာမပြီးဆုံးဘဲ စာသင်ခန်းမှ ထွက်ခွာ သွားမှုတွင် ရခိုင် ပြည်နယ်၊ ရှမ်းမြောက်၊ ရှမ်းရှေ့၊ မွန်၊ ကရင်၊ ချင်းတို့ရှိ ကလေး ငယ်တို့မှာ အများဆုံးဖြစ်နေသည်ဟု   နိုင်ငံတကာအသိအမှတ်ပြုခြင်း ခံထား ရသော စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၏ စစ်တမ်းဖော်ပြမှုအရ သိရသည်။
ပဲခူးမြို့ ဘုရားကလေး စံပြကျေး ရွာ အမှတ် (၁၃) ဘုန်းတော်ကြီး သင် မူလတန်း ပညာရေးကျောင်း ထိုင် ဆရာတော် ဦးဇဝနက "ဆင်းရဲ လို့  ကျောင်းမနေနိုင်ကြဘူး။ မကြည့်ရက်လို့ ခေါ်ပြီး စာသင်ပေးနေတာ။ တစ်နှစ်တစ် နှစ် တိုးလာတဲ့ ဦးရေက မနည်းဘူး။ အယောက် ၃ဝဝ   ကျော်လောက် ရှိပြီ" ဟု မိန့်သည်။ ပြည်မြို့ ကရုဏာလက်များ ကွန် ရက်ဥက္ကဋ္ဌ ဦးမြင့်ဇော်ကလည်း    "ကျွန်တော်တို့ ဆီမှာ အခြေအနေမဲ့ တောင်း ရမ်းစားသောက်နေပြီး စာမသင် ရတဲ့ ကလေးတွေ ၅ဝဝ ကျော်လောက် ရှိမယ်။ သူတို့ဘဝတွေ ဒီအတိုင်းပဲ ဆက်ရှင်သန်ခဲ့ကြရင် သူတို့ သာမက သူတို့ရဲ့ မျိုးဆက်တွေမှာပါ ခက်ခက်ခဲခဲ ဘဝကို ကျော်ဖြတ်ကြရတော့မယ်။ ဒီအတွက် ၂ဝ၁၂ ခုနှစ် ကတည်းက အိမ်မှာ စာသင်တယ်။ အခု စာသင် ကျောင်းရပြီ။ ဒါတောင် ကလေးက ၅ဝ မပြည့်ဘူး" ဟုပြောသည်။
    မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ငွေ အသုံးစရိတ်သည် ၂ဝ၁၁-၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ (နိုင်ငံ၏နှစ်စဉ်ထုတ်ကုန်နှင့် ဝန်ေ ဆာင် မှုစုစု ပေါင်းတန်ဖိုး) ဝ ဒသမ ၈ ရာခိုင် နှုန်းနှင့် အာဆီယံနိုင်ငံများအနက် အ နည်းဆုံးဖြစ်ခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ ရေး နှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဒုတိယအနည်းဆုံးနေရာမှာ ရှိနေခဲ့ ရာ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် နှစ်ဆကျော် ထပ်တိုးခဲ့သည် သို့သော် ပြည့်စုံမှုမရှိ လောက် ငရုံသာဟု ပညာ ရေးနယ်ပယ်မှ ပုဂ္ဂိုလ်အများစုက ဆိုကြ သည်။
ပဲခူးသူ ဒေါ်စန်းကြည်က "ကျွန်မ တို့ မိဘတွေဆီက အမွေရစရာလည်း မရှိပါဘူး။ သားသမီးတွေကိုလည်း ဘာ အမွေမှ မပေးနိုင်ပါဘူး။ပညာကိုေ တာ့ ဆုံးခန်းတိုင်အောင်သင်ပေးချင်ပါတယ်။ ကလေးတွေကကျောင်းနေရတာ ပျော် ကြပါတယ်"ဟု သူက မိခင်တစ်ယောက် ၏ခံစားမှုကို ပြော လာသည်။မူလတန်းကလေးများက တစ်နိုင် ငံလုံးတွင် ၅ သန်းခွဲကျော်။ နိုင်ငံ၏ ဆင်းရဲမွဲတေမှုက ၂၆ ရာခိုင်နှုန်း။
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ ဝင် ဦးတင်ညိုက "လူ့အခွင့်အရေးအရ လူတိုင်း ပညာသင်နိုင်ရပါ့မယ်။ ဒါပေမဲ့ ဒီမှာလိုသေးတာပေါ့။ ကျွန်ေ တ်ာက   လေဖြစ်နိုင်ရင် မသင်မနေရကို အလယ် တန်းအထိကို ထားစေချင်တယ်" ဟု ပြောသည်။
 ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမြဲတမ်း အတွင်းရေးမှူး  Mark Lowcock နှင့် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ ညွှန်ကြား ရေးမှူးချုပ် မစ္စတာ Peter Baxer တို့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အတွက် ပညာရေးဆိုင်ရာ အကူအညီ အထောက်အပံ့ အသစ် တစ်ခုစတင် မည်ဟု ပြောကာ ဒေါ်လာ သန်း ၅ဝဝ ကို အသုံးပြုသွားမည်ဖြစ်ပြီး မူလတန်း ပညာရေးစနစ်တွင် အဓိကထား အသုံး ပြုသွားမည်ဟု ကြေညာထားသည်။
 ထိုကဲ့သို့ နိုင်ငံတကာ၏ အကူ အညီ ပြည်တွင်းအင်အားနှင့် ပေါင်း လိုက်ပါက မူလတန်းအဆင့်တွင် လူ တိုင်းကျောင်းတက်နိုင်ဖို့က အိပ်မက် မဟုတ် တကယ်လက်တွေ့ဖြစ်လာနိုင် ပေမည်။ အချိန်ကာလကတော့ မရေ မရာ မသေချာသည့် အခြေအနေတွင် သာ ရှိနေဆဲ။ နိုင်ငံအဆင့် ပညာရေး ညှိနှိုင်းရေး မှူး ဒေါ်အေးအေးသင်းက "ငွေကြေး အင်အား တောင့်တင်းမှုနဲ့ အစီအမံ ကောင်းနဲ့သာ ဖြေရှင်းရင် ဒါဟာ ပြဿ နာ တစ်ရပ်မဟုတ် ပါဘူး။ နိုင်ငံ တည် ဆောက်ဖို့ ပညာတတ်တွေ အများကြီး လိုပါတယ်။ အခုလက်ရှိ ဖြစ်နေတာက မူလတန်းအဆင့်ကို ကလေးတိုင်း မတက်နိုင်၊ တက်နေတဲ့ ကလေးတွေ လည်း ထွက်ကုန်ကြတာတွေ ရှိနေတော့ ဒီလို ယိုစိမ့်ပေါက်တွေကို အစိုးရကိုယ် တိုင်ကသာ လုပ်နိုင်ပါလိမ့်မယ်" ဟု ၄င်းက အားမလိုအားမရ ထောက်ပြ သည်။
 ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ် က မြို့နယ်ပေါင်း ၃၃ဝ အနက် ၄ မြို့ နယ်ကိုသာ အခမဲ့မသင်မနေရ ပြဋ္ဌာန်း ထားသည့် မူလတန်းပညာရေးကို ပီပြင် စွာ အကောင်အထည် ဖော်မည်ဟု ပညာရေးဝန်ကြီးဌာနက ယခုနှစ် မေလ အတွင်း ထုတ်ဖော်ပြောဆိုခဲ့မှုက အခြေ ခံပညာရေး ပြောင်းလဲမှု ၏ ခြေလှမ်း အစပင်လော မသိ။
 ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက ဆိတ်ကြီး ခနောင်တို၊ မဟာအောင်မြေမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် တို့တွင်    အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ယခုမြို့နယ်၏ အခြေအနေ ကြည့်ကာ နောင်နှစ်များတွင် တိုးချဲ့သွားမည်ဟု ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အခြေ အနေအရ အများစုက အလုပ်လုပ်နိုင် သူ တစ်ဦးတည်း၏ ဝင်ငွေ ပေါ် မှီခိုနေ ရသည်မှာ မိသားစု၏ စားဝတ်ေ နရေး အခြေခံလိုအပ်ချက်ပင် မလုံလောက်။ ထိုထဲမှ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်က ဘယ်လိုမှ မဖူလုံနိုင်၊ မလုံလောက်မှု ပြဿနာကို မိသားစု ဝင်တို့ပါ ဝိုင်းဝန်းဖြေရှင်းရသည့်အတွက် ကလေးများ၏ ပညာရေးမှာ မသေချာ မရေရာ ဖြစ်နေခြင်းက အစစ်အမှန်ပင် ဖြစ်သည်။
 မလှလှဝင်း တစ်ယောက်အတွက် ကတော့ မလှမ်းမကမ်းရှိ  စစ်တောင်း အိမ်ရာမှ အဝတ်လျှော်သည့်အလုပ်ကို နေ့တိုင်းရပါစေလို့ ဆုတောင်းနေရ သည်။ ကျောင်းဝတ်စုံလေးများ လျှော်ဖွပ် နေရင်း မိမိ၏ သားသမီးများ သုံး ယောက်စလုံး အတွက်လည်း ကျောင်း ဝတ်စုံအသစ်တစ်ထည်စီ ကို ကျောင်း ဖွင့်ချိန်အမီ ဝယ်ပေးမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားကြောင်း မလှလှဝင်းက ဆို သည်။
မဟာစင်ကြောင့် မိုးရိပ်မြင်နေရ သော်လည်း မိုးကမရွာနိုင်ဘဲ အပူဓာတ် ဖြင့် ခြောက်ကပ်ဆဲ။  မိုးရွာရွာ မရွာရွာ  ကျောင်းဖွင့်ရာသီကတော့ မရှောင် သာ အောင် ရောက်လာပြီ ဖြစ်သည်။ ကျောင်းဝင်းအတွင်း အဖြူ၊ အစိမ်း ကျောင်းဝတ်စုံဖြင့် ပျော်ရွှင်စွာ ဆော့ ကစားရင်း ပညာသင်ကြားနိုင်ရေး အတွက် အချို့သောမိဘများအတွက် ကတော့ အခက်အခဲများစွာဖြင့် ရင်းနှီး ခဲ့ရသည်။ အချို့သော ကလေးများက တော့ ကျောင်းဆို သည်ကို ပင် ငေးကြည့် မနေနိုင်သော ဘဝတွေထဲမှာ။
ပညာရေးဝန်ကြီး ဌာနက ယခု နှစ်တွင် မူလတန်း ပညာရေးအခမဲ့ဟု သတ်မှတ်ကာ လိုအပ်သော ကျောင်း သုံးပစ္စည်းများ ထောက်ပံ့မည်ဟု ကြေ ညာထားသည်။ အလယ်တန်း အဆင့် အား ကျောင်းအပ်ခ၊ မိဘဆရာ အ သင်းကြေး၊ စာကြည့်တိုက်ကြေးတို့ အတွက် ငွေကျပ် ၁၅ဝဝ မှ ၁၈ဝဝ ကြား၊ အထက်တန်းအဆင့်ကို ကျပ် ၁၉ဝဝ မှ ကျပ် ၂ဝဝဝ အကြား ကောက် ခံမှု ပြုမည့်အပြင် ပုံနှိပ်စာအုပ်ကြေး မှာလည်း ပဉ္စမတန်း၊ အဋ္ဌမတန်း အား ကျပ် ၁၅၅ဝ၊ သတ္တမတန်းအား ကျပ် ၁၇ဝဝ၊ အဋ္ဌမတန်းအား ကျပ် ၂၃ဝဝ၊ နဝမတန်း သိပ္ပံကို ကျပ် ၂၄၅ဝ၊ ဝိပ္ပံကို ကျပ် ၂၆ဝဝ၊ တက္ကသိုလ် ဝင်တန်းအား ဝိပ္ပံ ကျပ် ၃၃ဝဝ၊ သိပ္ပံအား ကျပ် ၃၂၅ဝတို့သာ အသီးသီး ကျသင့်မည် ဟု ကြေညာထားသည်။ ထို့အပြင် ထိုငွေကြေးမှလွဲ၍ ခေါင်း စဉ်အမျိုးမျိုး တပ်၍ မည်သည့်ငွေကြေးမှ မကောက် ခံဖို့ပါ တားမြစ်ထားသည်။
 ထိုငွေကြေးကိုပင် မတတ်နိုင်သူတို့ ရှိနေသည်မှာ နိုင်ငံ၏စီးပွားရေးအဆင့် အတန်းကို မီးမောင်းထိုးပြနေသယောင်။  ကျောင်းအပ်ခ၊ စာရွက် စာတမ်း ကြေးက ကျပ် ၅ဝဝဝ ကျော်ပေမယ့် ကလေးအတွက် နေ့စဉ်စရိတ် အပြင် စားဖို့၊ ဝတ်ဖို့၊ သုံးဖို့ကို မိဘများမတတ် နိုင်ကြ။ ရန်ကုန်မြို့ လယ်တွင် အမှိုက်သိမ်း နေသော စည်ပင်ဝန်ထမ်း လူငယ်လင် မယားက "ကျွန်မတို့ ကလေးကို ကျောင်းထားချင်တာပေါ့။ ဒါပေမဲ့ ကလေးကို   ကျောင်းကြိုပို့ဖို့က လင်မ ယား နှစ်ယောက်စလုံးက အမှိုက်တွေ လိုက်သိမ်းနေရတယ်။ ဝင်ငွေကလည်း တစ်ရက်လုပ်မှ တစ်ရက်စားရတာ။ ကလေးကိုတော့ ကျွန်မတို့ အမှိုက်သိမ်း ရာနောက်ကိုပဲ ခေါ်ရတာပေါ့။ ကလေး ကို လေ့ကျင့်ပေးထားလို့ စာရေးတတ် ဖတ်တတ်နေပါပြီ" ဟု အမှိုက်ပုံဘေး တွင် ထိုင်ပြီး ဗလာစာအုပ်ပေါ် စာရေး နေသော ၄င်းတို့၏ သမီးလေးကို ကျောင်းမထားနိုင်သည့် အခြေအနေ အား ရှင်းပြသည်။
 "သမီးကျောင်းတက်ချင်တာပေါ့။ ကျောင်းတက်ရရင် အရမ်းနံတဲ့ဟာ တွေကိုလည်း မကိုင်ရဘူးပေါ့။ ပြီးရင် ကားတွေလည်း စီးရမှာပေါ့။ စာမတတ် ရင် ဖေကြီး၊ မေကြီးတို့လိုပဲ အမှိုက် ကျုံး ရမယ်လို့ မေကြီးက ပြောတယ်လေ" ဟု စည်ပင်ဝန်ထမ်း လင်မယား၏ သမီး ငယ်လေးက ၄င်း၏ ခံစားချက် ကို ပြော ပြသည်။မိုးမရွာ၍ ဖားများက ဆူညံစွာ အော်နေသည်။ ထိုကဲ့သို့ အသံမထွက် သော်လည်း ကျောင်းဖွင့်ရာသီ ရောက် တိုင်း ကလေးများ စာသင်ခန်းဆီသို့   လွတ်လွတ်လပ်လပ်ရောက်နိုင်ဖို့အရေး လေးလံသော တာဝန်ကြီးတစ်ရပ်ကဲ့သို့ ရင်မောသက်မ ချနေရသည့် မိဘအုပ် ထိန်းသူ များစွာ၏ မြန်မာ့ပညာရေး အပူမီးကတော့ အသံတိတ်မိုးခေါင်နေ ဆဲ ဖြစ်ပါသည်။
သတင်းအချက်အလက်
အောင်ဇော်။
မင်းသုအောင်၊ စိုင်းနောင်ရေးဖွဲ့သည်။
Popular Myanmar News Journal
http://feeds.feedburner.com/thithtoolwin/yIWV
ဆီးရီးယားတပ်တွေ ခဲဆဲလ်မြို့က သူပုန်တွေကို စစ်ဆင်
ဆီးရီးယား နိုင်ငံမှာ သူပုန်တွေ ထိန်းချုပ် ထားတဲ့ ခဲဆဲလ် မြို့ ပတ်ဝန်း ကျင်မှာ သီတင်း ပတ်နဲ့ ချီပြီး တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့ ပြီးနောက် အခုတော့ အစိုးရ တပ်တွေ ကနေ အဲဒီ မြို့ကို ပြန်သိမ်းဖို့ အတွက် စစ်ဆင် ရေးကြီး တခု စတင် နေပြီ ဖြစ်ကြောင်း ဆီးရီးယားက လာတဲ့ သတင်းတွေ က ဆိုပါတယ်။
ဆီးရီးယား နိုင်ငံပိုင် ရုပ်သံက ကြေညာ သွားရာ မှာတော့ အစိုးရ တပ်တွေ ကနေ အဲဒီမြို့မှာရှိတဲ့ အကြမ်းဖက် သမားတွေကို ဝိုင်းထားပြီ ဖြစ်တယ် လို့ ဆိုပါတယ်။
နောက်ပြီး မြို့တောင်ပိုင်းက သူပုန်တွေရဲ့ ကွပ်ကဲရေး စခန်းတွေ ကိုလည်း မောင်းထုတ် နိုင်ခဲ့ပြီလို့ ကြေညာသွား ပါတယ်။
အတိုက် အခံ ဘက်က သတင်းတွေ အရတော့ အမြောက်တွေနဲ့ ပစ်ခတ်မှုကြောင့် လူ ၂၀ သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီ ခဲဆဲလ် မြို့ဟာ သူပုန်တွေ အတွက် မဟာဗျူဟာ အရ အရေးပါတဲ့ စခန်း နေရာ ဖြစ်ပါတယ်။ မြို့တည်ရှိတဲ့ နေရာ ကတော့ ဒမားစကပ်စ် မြို့နဲ့ မြေထဲ ပင်လယ် ကမ်းရိုးတန်း အကြား ခရီး တဝက် လောက် နေရာမှာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
အမြောက်တွေနဲ့ ပစ်ခတ်မှုကြောင့် လူ ၂၀ သေဆုံး သွားတယ်လို့ အတိုက် အခံ ဘက်က ပြောပါတယ်
http://feeds.feedburner.com/thithtoolwin/yIWV
ဆီးရီးယားတပ်တွေ ခဲဆဲလ်မြို့က သူပုန်တွေကို စစ်ဆင်
ဆီးရီးယား နိုင်ငံမှာ သူပုန်တွေ ထိန်းချုပ် ထားတဲ့ ခဲဆဲလ် မြို့ ပတ်ဝန်း ကျင်မှာ သီတင်း ပတ်နဲ့ ချီပြီး တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့ ပြီးနောက် အခုတော့ အစိုးရ တပ်တွေ ကနေ အဲဒီ မြို့ကို ပြန်သိမ်းဖို့ အတွက် စစ်ဆင် ရေးကြီး တခု စတင် နေပြီ ဖြစ်ကြောင်း ဆီးရီးယားက လာတဲ့ သတင်းတွေ က ဆိုပါတယ်။
ဆီးရီးယား နိုင်ငံပိုင် ရုပ်သံက ကြေညာ သွားရာ မှာတော့ အစိုးရ တပ်တွေ ကနေ အဲဒီမြို့မှာရှိတဲ့ အကြမ်းဖက် သမားတွေကို ဝိုင်းထားပြီ ဖြစ်တယ် လို့ ဆိုပါတယ်။
နောက်ပြီး မြို့တောင်ပိုင်းက သူပုန်တွေရဲ့ ကွပ်ကဲရေး စခန်းတွေ ကိုလည်း မောင်းထုတ် နိုင်ခဲ့ပြီလို့ ကြေညာသွား ပါတယ်။
အတိုက် အခံ ဘက်က သတင်းတွေ အရတော့ အမြောက်တွေနဲ့ ပစ်ခတ်မှုကြောင့် လူ ၂၀ သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီ ခဲဆဲလ် မြို့ဟာ သူပုန်တွေ အတွက် မဟာဗျူဟာ အရ အရေးပါတဲ့ စခန်း နေရာ ဖြစ်ပါတယ်။ မြို့တည်ရှိတဲ့ နေရာ ကတော့ ဒမားစကပ်စ် မြို့နဲ့ မြေထဲ ပင်လယ် ကမ်းရိုးတန်း အကြား ခရီး တဝက် လောက် နေရာမှာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
အမြောက်တွေနဲ့ ပစ်ခတ်မှုကြောင့် လူ ၂၀ သေဆုံး သွားတယ်လို့ အတိုက် အခံ ဘက်က ပြောပါတယ်
http://feeds.feedburner.com/thithtoolwin/yIWV
Wednesday, May 8, 2013
သတင်း
Aye Chan Mon အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း အခြေအနေ
By mmweather.ygn, on May 6th, 2013
http://blog.mmweather.com/2013/05/06/bob-io-6may/
ယနေ့ မေလ ၆ ရက်နေ့ တွင် စတင် ဖြစ်ပ်ါလာသည့် လေဖိအားနည်းဆဲလ် 92B သည် မေလ ၆ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ အချိန်တွင် အနောက်တောင်ဘက်သို့ ရွေ့လျားပြီး ဆက်လက် တည်ရှိနေပါသည်၊ မေလ ၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှ စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် 91B သည် အိန္ဒိယနိုင်ငံ တောင်ပိုင်းစွန်းအား ဖြတ်သန်းပြီး အာရေဗျပင်လယ်ဘက်သို့ ရောက်ရှိသွားပြီဖြစ်ပါသည်။
အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် INVEST 91B နှင့် 92B တို့မှာ သိသိသာသာ အင်အား ကောင်းလာခြင်း မရှိသော်လည်း အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ဧပြီလ ၃ ရက်နေ့မှ စတင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ် 94S မှာ ပိုမို အားကောင်းလာနေပြီး ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ခြေ MEDIUM အဆင့်သို့ ရောက်ရှိလာကြောင်း တွေ့ရပါသည်။
ဤဖြစ်စဉ်များနှင့် ဆက်စပ်၍ မြန်မာနိုင်ငံ အချို့ အရပ်များတွင် တိမ်ထုများ ဖြစ်ပေါ်နေပြီး နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်း လေပြင်းတိုက်ခတ်ခြင်း စသည့် မိုးဦးလေဦး ကာလအခြေအနေများကို စတင်တွေ့မြင်နေရပြီ ဖြစ်ပါသည်၊ သို့ရာတွင် မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းလွန်ပင်လယ်တို့တွင် မုန်တိုင်း ဖြစ်လာနိုင်မည့် အရိပ်အယောင်ကို မတွေ့ရသေးပါ။
လေဖိအားနည်းဆဲလ် 91B (အာရေဗျ ပင်လယ်သို့ ရောက်ရှိ)
06 May 2013 1200Z
Location: 7.4 74.3
Winds: 15 knots
Central Pressure: 1010 hPa
လေဖိအားနည်းဆဲလ် 92B
06 May 2013 1200Z
Location: 4.4 86.6
Winds: 15 knots
Central Pressure: 1010 hPa
လေဖိအားနည်းဆဲလ် 94S (မုန်တိုင်း ဖြစ်နိုင်ခြေ MEDIUM)
06 May 2013 1200Z
Location: -4.3 86.5
Winds: 25 knots
Central Pressure: 1004 hPa
အေးချမ်းမွန် Credit & Copy From >MMweather Page<Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်။
Monday, May 6, 2013
အဖြေရှာကြည့်ခြင်း
တို့မြန်မာတွေ ဘာကြောင့်နောက်ကျနေလဲ။အာဖရိက ကလူမျိုးတွေလို နောက်ကျနေတာလား။ဘာကြောင့်လဲ
တို့ လူမျိုးတွေတစ်ရက်လုပ်အားခ
ို၂၀၀၀လောက်ပဲရနေ ချိန်မှာတိုူ့လိုတန်းတူ တခြားလူမျိုးတွေက တစ်ရက်ကို ၁၀၀၀၀လောက်ရနေပြီ။
တို့လူမျိုးတွေ ထဲကဘယ်သူ့ကိုမေးလိုက်မေးလိုက်  မေးလိုက်လို့ရှိရင် အမှန်ဆရားထွက်ပေါ်လာပေမည်။မိတ်ဆွေအဲ့ဒီလိုတစ်ယောက်နှစ်ယောက်
်လောက် မေးစမ်းကြည်လိုက်စမ်းပါ။ထွက်လာတဲ့အသံက သိန်းကျော်တန်ထီလက်မှတ် ပေါက်ပြီးမှ ပျောက်ဆုံးသွားတဲ့ အသံမျိုးကြားရပေလိမ့်မည်။
ကျနော်တို့တတွေအမှန်တရားကို
ရဲရဲဝင့်ဝင့်လက်ခံနိုင်မှသာ လက်ရှိအခြေအနေမှန်ကိုသိမှသာ ရှေ့
ရေး ကျနော်တို့ ရင်သွေငယ်များရှေ့
ရေး ကောင်းနိုင်မည်။
တစ်နုင်ငံလုံးအတိုင်းအတာနဲ့လူတစ်ဦး
ချင်းဆီ၏စိတ်ထဲတွင်
်နက်နက်ရှိုင်းရှိုင်း  သိမှသာလျှင်ရပေမည်။၏တွင် အမှန်တရားက ဆိုးဝါးနေလျှင် မဖြစ်နိုင်တော့ဘူးဆိုပြီး တွေဝေနေလျှင်တော့ ဒုံရင်းဒုံရင်း
အတိုင်း ရှိနေပေမည်  ကျနော်တို့လူမျိုးတွေဟာ တိုးတက်ချင်ကြတယ်ချမ်းသာချင်ကြတယ်။တွေဝေနေတာအဖြေ
မဟုတ်ပေ။
" အတက်ပညာ
အသိပညာနှင် စာရိတ္တ သည်သာ သည်သာ လွတ်မြောက်ရာဟုမြင်ပေသည်။
အချိန်မရွေး စစ်မှန်သော အစမ်းသက်
်ခံနိုင်သော အတက်ပညာ အသိပညာ
စရိတ္တ ကိုသာ ပြောလိုပါသည်။"